~ 8 ~

2.6K 305 24
                                    

Unicode
________

Seok Jinသူ့ကို အလန့်တကြားဖက်ကာ...ချွေးတွေပြန်နေတဲ့ Jungkookကျောပြင်လေးကို ဖွဖွလေးပုတ်ပေးလိုက်သည်။

"ဘာဖြစ်လို့လဲ...ကလေး...ဘာဖြစ်လို့လဲ "

"Hyung က...ကျွန်တော့်ရဲ့...ကျွန်တော့်ရဲ့ ချစ်သူမဟုတ်လားဟင်...ကျွန်တော့်အိမ်မက်တွေထဲမှာ..ကောင်လေးတစ်ယောက်နဲ့ကျွန်တော်အရမ်းရင်းရင်းနှီးနှီးနေခဲ့ကြတယ်...အဲ့ဒါ Hyungပဲမဟုတ်လား"

Jungkook စကားကြောင့် သူ့ရင်တွေအခုန်မြန်သွားသည်။ဘယ်လိုပြောရမလဲ..ကလေးရယ်။Kookie ကို ပိုင်ဆိုင်ရဖို့ထက်..Kookie အန္တရာယ်ကင်းဖို့က အရေးကြီးတယ်..kookieရဲ့။

ခုတော့ Hyung မပြောပါရစေနဲ့ ကလေးရယ်။Kookieကိုယ်တိုင် အတိတ်ကို သတိရတဲ့တစ်နေ့မှာ Kim Seok Jinဆိုတဲ့ Hyungကို မချစ်တော့ဖို့မျှော်လင့်ပါတယ်။

"အခုတော့ ပြန်အိပ်လိုက်ဦးနော်...ချွေးတွေရွှဲနေတော့တယ်။အရမ်းကြီး မစဥ်းစားနဲ့..kookie ခေါင်းကိုက်မယ်"

Jungkookမှာ..Seok Jinစကားကို အလိုမကျသော်လည်း ကိုယ်တိုင်လည်းခေါင်းထဲနောက်ကျိကျိဖြစ်နေပြီမို့ ပြန်အိပ်ဖို့ကြိုးစားလိုက်သည်။အိပ်ရာပေါ်ပြန်လှဲလိုက်ပြီး..Seok Jinလက်လေးကို ဆွဲကာ သူ့ဘေးမှာ အိပ်စေလိုက်သည်။ဘာကြောင့်ရယ်မသိ..ခုတစ်လော hyungကို သူ့ဘေးနားမှာပဲ အမြဲရှိစေချင်သည်။မနက်မိုးလင်းလင်းချင်းလည်း hyungမျက်နှာ အိပ်ရာဝင်လည်း hyungမျက်နှာလေးပဲ မြင်နေချင်သည်။

"Hyung..ကျွန်တော့်ဘေးမှာ..အိပ်ပေးပါလား....နော်"

နှုတ်ခမ်းလေးထော်ကာ..သူ့ဘေးမှာ အိပ်ဖို့တောင်းဆိုနေတဲ့ Jungkookမျက်နှာလေးကို ကြည့်ပြီး သူ ငြင်းဆိုဖို့ အားမရှိတော့။မင်း မျက်နှာလေးမြင်ရင်  ဒီလူရဲ့နှလုံးသားက အလိုလို အရည်ပျော်ပြီးသားပါ ကလေးရယ်။

အချစ်ဟာ...တောင်တန်းကြီးလို ခိုင်မာခဲ့တယ်

မေတ္တာဟာ..ကောင်းကင်ပြာလို..တည်တံ့ခဲ့တယ်

သူ ပျော်ရွှင်ဖို့ရယ်.နောက်ထပ်လည်းသူပျော်ရွှင်ရယ်ဖို့ပဲ

ကျွန်​တော့်စိတ်ထဲရှိတယ်။

အဲ့ဒီကောင်လေးဟာ..လိုအပ်နေတဲ့ အနွေးဓာတ်လေးလို..စိတ်ရဲ့စွမ်းအင်လေးလို ..ကျွန်တော့်ကိုပြီးပြည့်စုံခဲ့တယ်။

မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Место, где живут истории. Откройте их для себя