~ 7 ~

2.6K 313 17
                                    

Unicode
_______

"ခင်ဗျား..ကျွန်တော့်မုန့်တွေ လုမလို့လား"

သူ့လက်ထဲက မုန့်တွေကို လုမှာစိုးပြီး လက်ကိုနောက်ပစ်ကာ ဖွက်လိုက်တဲ့ ကလေးကိုကြည့်ပြီး
Seokjin ဘာစကားမှ မဆိုနိုင်အောင် ရင်ထဲနင့်နေသည်။နောက်မှ အားယူကာ

"Hyungကို မမှတ်တော့ဘူးလား Kookieရယ်"

ခေါင်းလေးတစ်ခါခါ မျက်လုံးလေးပြူးတိပြူးကြောင်နဲ့ ပေကျံတူးနေသော ကောင်လေးဟာ သူပြောတာတွေကို ဘာတစ်ခုမှနားမလည်သည့်ပုံ။

ဖြုန်းကနဲ သူ့ရင်ခွင်ထဲက အတင်းထွက်ပြေးကာ အဝေးသို့ ပြေးထွက်သွားသည်မှာ လှမ်းဆွဲဖို့အချိန်တောင်မရ။
မျက်ရည်စတို့ကို လက်ခုံတို့နဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး ဆိုင်ရှင်ဦးလေးကြီးကို လှမ်းပြောလိုက်သည်။

"ဦးလေးရေ..ခုနက jungkookယူသွားတဲ့ မုန့်ဖို့ကျွန်တော်ရှင်းခဲ့မယ်..ဒီမှာပိုက်ဆံထားခဲ့ပြီ..ကျန်တာပြန်မအမ်းနဲ့"

စကားဆုံးသည်နဲ့ jungkookနောက်ကို မျက်ခြေမပြတ်စေရန် အပြေးလှမ်းခဲ့တော့သည်။

"ဟေ့...ဟေ့..ဒီမှာ..လူငယ်လေး..ပိုတာပြန်ယူ.."

ဟာ..။ဒီကလေးနှစ်ယောက်နဲ့တော့ ခက်တာပဲ။ခုနက မုန့်ဖိုးရှင်းပေးသွားတဲ့ လူငယ်လေးက တော်တော်လေးကို ချောတာပဲ။ရုတ်တရက်ဆို မော်ဒယ်နဲ့တောင်မှားလောက်တယ်။ငယ်ငယ်ချောချောလေးတွေနဲ့  ဘယ်လို ဒုက္ခတွေရောက်လာလို့မသိဘူး။သူ့ဆိုင်ရှေ့မှာ jungkookကို ဖက်ငိုလိုက်တာဆိုတာ သူ့ဆိုင်တောင်မျက်ရည်နဲ့မြောလောက်တယ်။ဟင်း...ဆိုင်ရှင်ဦးကြီးမှာ သူတို့နှစ်ယောက်အကြောင်းတွေးပြီး သက်ပြင်းချနေမိသည်။

Jungkook ဝင်သွားတဲ့အိမ်ကိုကြည့်ပြီး သူချက်ချင်းမဝင်သေးဘဲ...အားတင်းလိုက်သည်။

"အရင်ဆုံး jungkookမိဘတွေကို အကျိုးအကြောင်းပြောပြီး တောင်းပန်ရမယ်"

"Jungkook...jungkookရေ"

"လူငယ်လေး..ဘာကိစ္စလဲ"

Jungkook အမေမှာ အိမ်ပေါက်ဝက ပန်းရောင်အကျီလေးနဲ့ ဦးထုပ်အနက်ဆောင်းထားတဲ့ ကောင်လေးကို သေသေချာချာကြည့်လိုက်သည်။

မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Where stories live. Discover now