~ 6 ~

2.5K 317 30
                                    

Unicode
________

Seok jinအခန်းထဲက မထွက်သည်မှာ တစ်ပတ်ခန့်ရှိပြီ။အစားလည်းမစား..ရေပဲနည်းနည်းပါးပါးသောက်ပြီး အချိန်တိုင်း အိပ်ရာပေါ်မှာပဲ အိပ်နေတော့သည်။အိပ်ပျော်၍တော့မဟုတ်။သူ့အဖေက အခန်းတံခါးဝမှာ သော့ခတ်ပြီး အစောင့်တွေပါချထားသည်။Yuriဆိုသည့်မိန်းကလေး Koreaရောက်သည်နှင့် နောက်တစ်ရက်မှာ လက်ထပ်ပေးဖို့ စီစဥ်ထားသည့်ပုံ။

Yuriက ငယ်ငယ်ကတည်းက သူ့တို့နှင့် အိမ်နီးချင်း။တက္ကသိုလ်တက်မှအမေရိက ကို သွားခဲ့တာ။ငယ်ငယ်ကတည်းက လူကြီးချင်း သဘောတူထားခဲ့တာတဲ့။Yuriကို ကိုယ့်ညီမတစ်ယောက်လိုက လွဲရင် သူ့ဘက်က ဖြူစင်သည်။သူ Yuriကိုလက်ထပ်လိုက်လျှင် သူ့အဖေ၏ စီးပွားရေး အတွက်အထောက်အကူရမည်။အဖေက ဒီအကွက်တွေကိုကြိုမြင်လို့ စီစဥ်ခဲ့သည့်ကိစ္စ။လောဘအတော မသတ်နိုင်တဲ့ အဖေ့ကြောင့် Jungkookခမျာ ကြားထဲက မြေစာပင်ဖြစ်ရတာ။

"Kookieရယ်.. Hyungရင်တွေလည်းနာလှပြီ..ခုလောက်ဆို kookieတစ်ယောက် အဆင်မှပြေရဲ့လား..ဘယ်များရောက်နေပြီလဲ။"

စာမေးပွဲလည်း မဖြေဖြစ်တော့..ဒီစိတ်နဲ့ သူ ဘယ်လိုဖြေရပါ့မလဲ..နောက်ဆုံးမြင်ခဲ့ရတဲ့ jungkookရဲ့ သွေးတွေနဲ့ ပုံရိပ်ကိုသာမြင်ယောင်မိနေတာ။

မျက်ရည် ခန်းခြောက်သွားသည့် အရုပ်တစ်ရုပ်လို။ဘယ်သူ့မှလည်း စကားမပြောတော့။ငိုရပါများ၍ မျက်လုံးနှစ်ဖက်မှာလည်း ဖူးယောင်နေသည်။

သူ ပြောခဲ့တဲ့စကားတွေကို jungkook စိတ်နာသွားပြီ ထင်ပါရဲ့။ကိုယ်တိုင်လည်း နှလုံးသားတွေ တစ်စစီနာကျင်ရပါတယ် jungkookရယ်။

Seokjin ခုမှ ခေါင်းထဲအကြံတစ်ခုရသွားသည်။ဟုတ်တယ်...Jungkook သူငယ်ချင်း Tae Hyungဆိုတဲ့ကောင်လေးရှိသားပဲ။သူ့ဆီမှာ စုံစမ်းရင်များတစ်ခုခု သတင်းအစအန ရလေမလား။ Seokjin ကြာကြာမစဥ်းစားတော့ဘဲ ပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်လိုက်သည်။သူ့အခန်းရဲ့ပြတင်းပေါက်က အိမ်နောက်ဖေးဘက်ကို ရောက်နေတာမို့ လူရှင်းလျှင် အောက်သို့ ကြိုးနဲ့တွယ်ဆင်းလို့ရသည်။

ပိုက်ဆံနည်းနည်းပါးပါးယူကာ အိပ်ခန်းထဲက မွေ့ရာတွေ ခန်းစီလိုက်ကာစတွေအကုန် ကြိုးတစ်ချောင်းလို စုချည်ကာ အိပ်ခန်းထဲက ကုတင် ခြေထောက်မှာချည်ပြီး တစ်စကို ပြတင်းပေါက်ကနေ ဖြည်းဖြည်းချင်း ချလိုက်သည်။

မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Where stories live. Discover now