Ending

5.4K 407 53
                                    


Unicode
_______

ရာသီကာလတွေ အလီလီပြောင်းကာလာခဲ့ပြီ။
အရာရာနေသားကျအောင် ကြိုးစားနေပေမဲ့ ရင်ထဲက ဒဏ်ရာတွေကတော့ မကျက်သေးပေ။သေရာပါ ဒဏ်ရာအဖြစ်ကို ကူးပြောင်းသွားပြီထင်ပါရဲ့။
Jungkookလည်း Acting major Third yearကျောင်းသားကြီးဖြစ်လာခဲ့ပြီ။ဒီစာသင်နှစ်အတွက် အထူး အစီအစဥ်အနေနဲ့..ကျောင်းက Top 5ဝင်တဲ့သူတွေကို...New York ကို ရိုက်ကူးရေး လေ့လာဖို့ စေလွှတ်ရန်ရှိသည်တဲ့။jung kookကလည်း Top 5ထဲပါတဲ့ ကျောင်းသားတစ်ယောက် အနေနဲ့New Yorkကိုသွားဖို့စာရင်းထဲမှာ...ပါဝင်လာခဲ့သည်။Hyungသာသိရင် သူ့အတွက်များ ဂုဏ်ယူနေမလား။

New Yorkကို ရောက်သည်နှင့် jung kook ကင်မရာတစ်လုံးကို ဆွဲကာ တွေ့သမျှ မြင်သမျှ အကုန်လိုက်ရိုက်နေမိသည်။အသားဖြူဖြူ ခပ်ပါးပါးအရပ်ရှည်ရှည်ကောင်လေးတွေမြင်ရင်...ငေးမိနေတုန်း။သူ များလားရယ်လို့။စုံစမ်းကြည့်လိုက်တော့ ဒီမြို့နဲ့ ခပ်လှမ်းလှမ်းမှာ..forget me not flowers garden ရှိသည်ဆိုတော့...မျှော်လင့်ချက် ရောင်ခြည်တွေ သန်းမိပြန်သည်။

ဆောင်းဦးရောက်ပြီမို့....အပေါ်က ကုတ်အကျီထပ်ဝတ်ထားရသည်။New Yorkမှာလည်း အေးသည်ပဲလေ။
ရိုက်ကူးရေး လေ့လာပြီးတာနဲ့ တက္ကစီတစ်စီးငှားကာ 
"Forget-me-not flower garden"ဆိုသည့်နေရာလေးကို သွားမိသည်။တွေ့နိုင်ကောင်းပါရဲ့...hyungရယ်။ဒီတစ်ခါ ကျွန်တော့်ဆုတောင်းတွေပြည့်ချင်တယ်။

~Forget-me-not Flower Garden~

အိုး....တကယ့်ကို...အပြာရောင် ပင်လယ်ကြီးထဲရောက်သွားသလိုပဲ။လှလိုက်တာဆိုတာ..တစ်သက်နဲ့တစ်ကိုယ် ဒီလောက်လှတဲ့ ပန်းခင်းကြီးကို မတွေ့ဖူး။

ပန်းခင်းဆီကို မရောက်ခင် flower houseဆိုတဲ့ ပန်းဆိုင်လေးကလည်း တည်ရှိနေပြန်သည်။စုံစမ်းကြည့်လိုက်တော့ forget me not ပန်းနဲ့လုပ်ထားတဲ့ အမှတ်တရ ပစ္စည်းအမျိုးမျိုးရှိသတဲ့။

ပန်းခင်းဆီသွားလို့ရလား မေးတော့..ရသည်တဲ့။jung kookကင်မရာတစ်လုံးနဲ့ စိတ်ကြိုက်ရိုက်မိသည်။လှလိုက်တာ......စိတ်လွတ်လက်လွတ် ပန်းခင်းထဲပြေးဝင်မိသည်။ပန်းပွင့်​လေးတွေကhyungပေးခဲ့တုန်းက အတိုင်း...တကယ့်ကို ပွင့်ချပ်သေးသေးလေးတွေနဲ့ လှလွန်းသည်။

🎉 You've finished reading မြတ်နိုးမိသည်မှ.. အပ /ျမတ္ႏိုးမိသည္မွ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓ 🎉
မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Where stories live. Discover now