🌙3🌙

7.6K 660 14
                                    

From the moon

                           🌙3🌙
           (မိစ္ဆာငယ်အားသုတ်သင်ခြင်း)

       လင်းကျွင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား လန်ဝမ်ကျီး အိပ်ရာကနိုးလာတော့ သူ့ရင်ခွင်ထဲ အိပ်ပျော်​နေဆဲဖြစ်တဲ့ ဖြူဖွေးဖွေးယုန်လေးရဲ့နဖူးကို ငုံ့နမ်းလိုက်သည်။

"ပြန်တွေ့ကြပြီနော်.....ဝေ့ရင်း...."

      ဝေ့ရင်းဟူသော သူကတော့ လန်ဝမ်ကျီး ပြောတာကိုကြားပုံမပေါ်ပေ။ သူအိပ်မြဲအတိုင်းသာ အိပ်နေ၏။ လန်ကျန့် အိပ်ရာမှထ၍ မျက်နှာသန့်စင်ပြီး အဝတ်လဲရန် ပြင်လိုက်သည်။

      သူအဝတ်လဲပြီးသည်အထိ ဝေ့ဝူရှန့်မှာ အိပ်ရာပေါ်ကနေတောင် မထသေးတာကြောင့် နဖူးကိုထပ်၍ ငုံ့နမ်းပြီးမှ သူအပြင်ထွက်ခဲ့သည်။ အပြင်ရောက်တော့ သူ့တပည့်သုံးယောက်ဖြစ်သော မုလောင်၊ မုရီနဲ့ ဝေးရွှီတို့က အသင့်စောင့်နေကြ၏။

"မင်းသား...."
"မင်းသား..."
"မင်းသား..."

"သွားကြစို့...."

"ဟုတ်ကဲ့...."
"ဟုတ်ကဲ့..."
"ဟုတ်ကဲ့...."

      တစ်ယောက်ကို မြင်းတစ်ကောင်စီဖြင့် မြို့ထဲမှ ထွက်ခွာလာခဲ့သည်။ ရုတ်တရပ် လန်ကျန့်ခေါင်းထဲ ဝေ့ဝူရှန့် ပြောသော ခရမ်းရောင်ကျောက်တုံးအကြောင်း ဝင်လာသောအခါ သူပြုံးစစလေး လုပ်မိသည်။

("မင်းမပြောင်းလဲဘူးဝေ့ရင်း....")

       မြို့ပြင်ရောက်တော့ လေးယောက်သား မြင်းကိုပြိုင်တူရပ်လိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေကြသည်။ ခရမ်းရောင်ကျောက်တုံး သူ့မှာရှိသည်မရှိသည်က အသာထား အခုကိစ္စက မြို့ထဲကို မကောင်းတဲ့မိစ္ဆာဆိုးတော့ ဝင်ရောက်လာပြီ။ ဒါဟာ သာမန်တိုက်ဆိုင်မှုမျိုး မဟုတ်ဘူးဆိုတာ လန်ကျန့် သိသည်။

      ဘာတွေဘယ်လိုပဲ ဖြစ်လာပါစေ သူ့တိုင်းပြည်နဲ့ သူချစ်တဲ့သူကို အစွမ်းကုန်ကာကွယ်ပေးသွားမည်။ ထိုစဥ် သူတို့ရှေ့စူးစူးဆီမှ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ လန်ကျန့်တို့လေးယောက် တိုင်ပင်ထားခြင်းမရှိဘဲ ထိုနေရာသို့ ဒုန်းစိုင်းပြေးသွားခဲ့၏။ ထင်ထားသလိုပဲ။ လယ်စိုက်နေတဲ့ လယ်သမားမိသားစုကို မိစ္ဆာတစ်ကောင်က ခြောက်လန့်နေသည်။

From The Moon (Complete)Where stories live. Discover now