🌙33🌙

3.2K 336 11
                                    

From the moon

                        🌙33🌙
             (အဆိပ်ပြေသွားပြီ)

        သို့နှင့် ဝေ့ဝူရှန့်သည် အကျဥ်းထောင်နားသို့ ချဥ်းကပ်လာခဲ့တော့သည်။ ကောင်းကင်နန်းတော်မှာ ဘယ်လောက်ပဲ အန္တရာယ်ကျရောက်နေပါစေ အကျဥ်းထောင်အစောင့်များကတော့ သွားရောက်ကူညီလိမ့်မည်မဟုတ်ပေ။ သူတို့က အကျဥ်းထောင်ကို စောင့်ကြပ်ရန်သာ အထူးတာဝန်ပေးခံထားရသောကြောင့် ဖြစ်ပေသည်။

       ထို့ကြောင့် ဝေ့ဝူရှန့်သည် အကျဥ်းထောင်ထဲက လူတစ်ယောက်ကို စားစရာလာပို့သော သူအဖြစ် ဟန်ဆောင်သွားရန်အတွက် လက်ထဲတွင်ထမင်းချိုင့်တစ်ခုအား ဖန်ဆင်းလိုက်လေသည်။ ပြီးတော့ အကျဥ်းထောင်အစောင့်များဆီ တည့်တည့်သွား၏။

"ရပ်စမ်း...."
"ရပ်စမ်း!"

       အစောင့်နှစ်ယောက်က သူ့ကိုတားသည်။ ဝေ့ဝူရှန့်လည်း သူ့ထမင်းချိုင့်ကိုမြှောက်ပြရင်း

"ကျွန်မကိုကိုဆီလာတာပါ...."

       အစောင့်များ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြ၏။

"မင်းက....."
"အာ....ကျွန်မကတောင်ပင်လယ်နားကစိမ့်စမ်းတောင်ကြားကနတ်သမီးပါ...."

"အော်....ကောင်းပါပြီ...ဝင်ပါ...."

       ထိုသို့ပြောလိုက်ခါမှ အစောင့်များက အသာတကြည် ဝင်ခွင့်ပေးသည်။ ဝေ့ဝူရှန့် အစကတော့ အိန္ဒြေရှိရှိ လျှောက်သွားသော်လည်း အထဲရောက်သွားသည့်အချိန်မှာတော့ လျင်လျင်မြန်မြန် ပြေးလေတော့သည်။ သူက လန်ဝမ်ကျီးရှိရာသို့ မှန်းဆကာဖြင့် အသဲအသန် ပြေးလာရာ။ တွေ့ပါပြီ။ သံကြိုးနှစ်ချောင်းနဲ့ တွဲလျောင်းချအချည်ခံထားရသူ ကျောက်စိမ်းနတ်မင်းကို။

"ရိပေါ်......."

       ဝမ်းနည်းကြေကွဲစွာ အော်လိုက်သံကိုကြားသည်နှင့် လန်ဝမ်ကျီး ချက်ချင်း ခေါင်းထောင်ကြည့်လာသည်။ သူမြင်နေရတာက မိန်းကလေးအသွင်နဲ့ဖြစ်သော်လည်း သူ့ကိုစိုးရိမ်နေတဲ့ မျက်လုံးတွေကို သူသေချာပေါက် မှတ်မိသည်။

"ဝေ့ရင်း....."

       ဝေ့ဝူရှန့်က လန်ဝမ်ကျီးထံ ပေါ့ပါးစွာ ပျံသန်းလာသည့်အခိုက် သူ၏မူလရုပ်အသွင်ပြောင်းလဲလိုက်ပြီး ပါလာသည့် ထမင်းပုံးကိုပစ်ချကာ လန်ဝမ်ကျီးလည်တိုင်ကို သိုင်းဖက်လိုက်သည်။ ထို့နောက် နှုတ်ခမ်းနှစ်လွှာထိစပ်ကာ နမ်းရှိုက်လိုက်လေ၏။

From The Moon (Complete)Where stories live. Discover now