🌙43🌙

3.4K 344 6
                                    

Unicode
From the moon

                         🌙43🌙
              (ပြည့်စုံတဲ့မိသားစု)

"ဝူလျိုး......မင်းရဲ့နှုတ်ခမ်းလေးတွေကကိုယ်တို့ညစာထက်ပိုချိုမယ်ထင်တယ်..."
"အာ....."

"ကိုယ်နောက်တစ်ခါထပ်နမ်းလို့ရမလား...."

       လုယင်မျက်လုံးတို့က သူ့နှုတ်ခမ်းကနေ မခွာသေးတာကြောင့် ဝူလျိုး မျက်လုံးတွေ ဂနာမငြိမ်ဖြစ်ကာ နှုတ်ခမ်းကလည်း စကားပြောရမလို မပြောရမလိုနဲ့ တကယ်ကို စိတ်လှုပ်ရှားနေရှာသည်။ သို့သော် သူစကားပြောရန် ဟလိုက်စဥ်မှာပင် နောက်တစ်ကြိမ် ထပ်မံသိမ်းပိုက်ခံလိုက်ရ၏။

      လုယင်လက်ချောင်းများက သူ၏မေးမှတစ်ဆင့် သူ၏မေးသောင်းရိုးဘက်ကူးပြောင်းသွားသည်။ မြတ်နိုးစွာနမ်းရှိုက်နေရင်းက လိုချင်တပ်မတ်စွာ အငမ်းမရ နမ်းလာ၏။ ဝူလျိုးဘက်ကလည်း မျက်လုံးစုံမှိတ်၍ အနမ်းများကို အသင့်ခံယူကာ တုံ့ပြန်လာသည်။

       တစ်ယောက်၏နီးထွေးနေသည့် လျှာကို တစ်ယောက်ကပြန်လည်စုပ်ယူ နမ်းရှိုက်လိုက်တိုင်း ခံစားမှုက အထွတ်အထိတ်သို့ ရောက်ရှိသွား၏။ အချိန်ကြာလာတော့ ဝူလျိုး အသက်ရှူမဝတော့ပေ။

"အစ်ကို......အွန့်......အင်း....."

       ဝူလျိုး၏တုံ့ပြန်မှုကို နားလည်လိုက်တဲ့ လုယင်က လွှတ်ပေးကာ နဖူးကိုတစ်ချက်နမ်းလိုက်သည်။

"အရမ်းချစ်တယ်ဝူလျိုး.....ကိုယ်ရဲ့အနားမှာနေဖို့ရွေးချယ်ပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်...."
"ပြောစရာလိုလို့လား....အယ်....တစ်ယောက်ယောက်လာနေတယ်"

       လေဟုန်နှင့်အတူ ရောက်လာတဲ့ နှစ်ယောက်ဘက်ဆီသို့ ဝူလျိုးတို့လှည့်ကြည့်လိုက်သည်။ ဝေ့ဝူရှန့် ပွေ့လာသည့်ကလေးလေးကိုမြင်တော့ လုယင်တို့ချက်ချင်းထကာ ပြေးသွား၏။ ကလေးက မွေးလာတာ သိပ်မကြာသေးတာမို့ အသားအရည်ကရဲလို့နေသည်။

       ဝူလျိုးက ကလေးကို ပြူးပြဲကြည့်ရင်း

"ဒါ....ဒါမင်းတို့ကလေးလား"
"အင်း...."

"ဝါး.....မွေးတာမြန်လိုက်တာ...."

       ဝေ့ဝူရှန့်က ကလေးအား လုယင်လက်ထဲ ထည့်ပေးသည်။ ကလေးလက်ထဲရောက်သည်နှင့် ယွဲ့ဇီဝင်စားတယ်ဆိုတာ ခံစားမိတဲ့ လုယင်က ကလေးကိုလက်ထဲက မချတော့ပေ။ ဝူလျိုးက လန်ဝမ်ကျီး နဲ့ ဝေ့ဝူရှန့်ကို နေရာချပေးသည်။ စားပွဲဝိုင်းက သေးသေးလေးကိုသာ ပြင်ဆင်ထားတာကြောင့် သူတို့ဝိုင်းထိုင်လိုက်သည်နှင့် ပြည့်သွား၏။

From The Moon (Complete)Where stories live. Discover now