🌙41🌙

3.4K 353 6
                                    

Unicode
From the moon

                        🌙41🌙
             (သိမ်းပိုက်ခဲ့ပြီလေ)

        ဝူလျိုး၏အိပ်ဆောင်ကို ပြန်ရောက်ခဲ့ပြီ။ နတ်အရာရှိတစ်ပါးပေမို့ နန်းဆောင်က သိပ်မကျယ်ဝန်းချေ။ ဝူလျိုးကို ခုတင်ပေါ်ချပေးပြီး ဖိနပ်ချွတ်ပေးနေစဥ် ရုတ်တရက် ဝူလျိုးက ထထိုင်လာသည်။

"အစ်ကိုလု...."
"ဟင်...."

       အမူးမပြေသေးတဲ့အသံနဲ့။ မျက်လုံးတို့ကလည်း မဖွင့်ချေ။

"ဒီကိုလာ...."

       လက်နှစ်ဖက်ကိုဆန့်ကားကာ သူ့ရင်ခွင်ထဲ ဝင်လာရန် ပြနေသည့်အလာ။ လုယင် ပြုံးလိုက်မိသည်။ ဖိနပ်ချွတ်ပေးပြီး သူ့ဘေးသွားထိုင်မယ်လုပ်တော့ ဝူလျိုးကအရက်ကြောင့် ရင်ပူလို့ထင်ပါရဲ့ သူရင်ဘတ်ကို အတင်းဖြဲနေတာ တွေ့ရသည်။

"ဝူလျိုး...."
"ဟင်...."

       မျက်လုံးလေးများ ပွင့်လာကာ လုယင်အား ကြည့်လိုက်သည်။

"အစ်ကိုလု....ဒါ....ကျွန်တော့်အဆောင်လား"
"ကိုယ်လိုက်ပို့ပေး တာ...."

"အစ်ကိုလုကကျွန်တော့်အဆောင်ထဲတောင်ဝင်လာပြီပဲ....ကျွန်တော့်ရင်ခွင်ထဲကောမဝင်ချင်ဘူးလား...."

       လုယင်မျက်လုံးတို့ ပြူးသွားသည်။ အခု ဝူလျိုးက သူ့ကိုချစ်စကားပြန်ဆိုနေတာလား။ မူးမူးနဲ့ ရင်ထဲကစကားတွေ ပေါက်ထွက်လာတာလား။ ဝူလျိုးသည် တရွေ့ရွေ့ဖြင့် လုယင်အနားတိုးကပ်လာပြီး လုယင်လည်တိုင်ကိုသူ့လက်နှစ်ဖက်ဖြင့် သိမ်းပိုက်လိုက်သည်။

"မိဖုရားမမြှောက်ရဘူး....ဘယ်သူမှ....ဘယ်သူ့မှမခေါ်ရဘူး....ကြားလား.....ကြားလားလို့...."
"အင်း...."

"ဟင့်....."

       လုယင်၏လည်တိုင်တွင် မျက်နှာအပ်လိုက်ပြီး

"ကျွန်တော့်ကိုပဲခေါ်...."

       သူ့စကားဆုံးတော့ လုယင်က သူ့အားခုတင်ပေါ်လှဲချလိုက်ကာ နှုတ်ခမ်းများကို ကန္တာရမှာ ရေတွေ့လိုက်ရလို့ အပြေးအလွှား အငမ်းမရ သောက်သူလိုပဲ ဝူလျိုး၏နှုတ်ခမ်းတို့ သိမ်းပိုက်ခံလိုက်ရသည်။ နီထွေးထွေး လျှာဖျားလေးက ဝူလျိုး၏နှုတ်ခမ်းအတွင်း ကျူးကျော်ဝင်ရောက်လာ၏။

From The Moon (Complete)Where stories live. Discover now