🌙18🌙

3.9K 379 5
                                    

Unicode
From the moon

🌙18🌙
(နတ်အရာရှိသုံးပါးပေါ်ထွက်ခြင်း)

ကောင်းကင်မင်းကြီး၏အစေခံ နတ်သူငယ်လေးတစ်ယောက်က ဆင်းလာ၍ သူမလက်ထဲက ခြင်းတောင်းကို ယူလိုက်သည်။ ယွီ​ယောက်ဆိုတာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မိစ္ဆာတစ်ကောင်ဖြစ်သလို ကောင်းကင်မင်းကြီးထက်လည်း သက်တမ်းရင့်တာကြောင့် တိုက်ခိုက်သည့်အခါတွင် ကောင်းကင်မင်းကြီးအနေနဲ့ သေချာပေါက် ဒဏ်ရာရနိုင်သည့် အ​ခြေအနေမျိုးဖြစ်သည်။

သို့သော် အခုသူမရှေ့က ကောင်းကင်မင်းကြီးသည် အကောင်းပကတိအတိုင်းပင် ပုလ္လင်ပေါ်မှာ ထိုင်နေလေ၏။ ကောင်းကင်နန်းတော် နဲ့ ရေနက်နယ်မြေဟာ ငြိမ်းချမ်းရေး ခိုင်မြဲလာတာ နှစ်၅၀၀နီးပါး ကျော်ခဲ့ပြီ ဖြစ်တာကြောင့် ကောင်းကင်မင်းကြီးအပေါ်မှာ သူမ သံသယမဝင်လိုပါ။

မည်သို့ပင်ဖြစ်စေကာမူ ကောင်းကင်မင်းကြီးရဲ့ပုံစံက သံသယဝင်စရာကောင်းနေတာကိုတော့ သတိထားမိသည်။ တခြားသူကိုသာ လိမ်လို့ရချင်ရမည်။ သူမရဲ့အစွမ်းထက်မြွေမျက်လုံးကို လိမ်လို့မရနိုင်ပေ။ ကောင်းကင်မင်းကြီးရဲ့မျက်နှာကို သေချာစူးစိုက်ကြည့်ရင်း သက်တမ်းနဲ့ စွမ်းအင်အထိ ဖောက်ကြည့်လိုက်သည်။

ရီမော့ မျက်လုံးတို့ဝိုင်းစက်မသွားအောင် မိမိကိုယ်ကို ပြန်ထိန်းရင်း

"ဒါဆို....ကျွန်မမနှောက်ယှက်တော့ပါဘူး....ခွင့်ပြုပါအုံး...."
"ကောင်းပါပြီ....မင်းသမီး...."

ရီမော့ နတ်နန်းဆောင်ကြီးထဲကနေ ပြန်ထွက်လာတော့ နတ်အရာရှိများက အစည်းအဝေးကို ဆက်လက်ပြုလုပ်ကြသည်။ ရီမော့၏နတ်နန်းဆောင်ထဲမှ ထွက်လာသည့် ​ခြေလှမ်းများ မြန်သထက်မြန်လာ၏။ တိမ်ပင်လယ်ကြားထဲက တံတားလေးများပေါ်က ဖြတ်လျှောက်လာသည့်အချိန် အဘယ်အရပ်က ဝဲပျံလာမှန်းမသိသော ဓားတစ်ချောင်းကြောင့် သူမလေပေါ်ခုန်တတ်ကာ ရှောင်လိုက်ရသည်။

'ဝွီ.....'

"အို.......မြွေဖြူမင်းသမီးကိုး....တောင်းပန်ပါတယ်....ကျွန်မမတွေ့လို့....."

ရီမော့ လှည့်ကြည့်လိုက်တော့ ကြာပန်းနတ်သမီး လျန်းဟွား ဖြစ်နေ၏။

From The Moon (Complete)Where stories live. Discover now