PART(2)

232 7 0
                                    

(Zawgyi)

"ပိတောက်ပန်းတွေကတောင် သင်္ကြန်ကိုကြိုနေကြပြန်ပြီလေ ငါ့ကို ဒီပိတောက်ပင်ကြီးအောက်မှာ ဘယ်ချိန်ထိ ထိုင်စောင့်ခိုင်းနေဦးမှာလဲကွာ..."

ဒီလို ပိတောက်ပန်းလေးတွေဆီ မော့ကြည့်ရင်း တစ်ယောက်ထဲ စကားတွေပြောနေရတာ စိတ်ကုန်လာပြီကွ... ပြန်လာပါတော့ကွာ...

ဘယ်ဘက်ပါးပေါ်ကျဆင်းလာတဲ့ မျက်ရည်စက်လေးတွေရဲ့ ထွေးပွေ့မှုကို ဒီထက်ပိုပြီးမလိုချင်တော့ပါ...

"တစ်ချိန်က မင်းကိုတွေ့ရင် အမြဲငိုနေရတယ်လို့ပြောခဲ့ဖူးတယ်နော်... ခုတော့ မင်းကို မတွေ့ရတဲ့အချိန်က ပိုဆိုးတယ်ဆိုတာပြောပြချင်တယ်ကွာ..."

မင်းသိရဲ့လား သင်္ကြန်ကို ပိတောက်ပန်းတွေကကြိုသလို ငါကလဲ မျက်ရည်တွေနဲ့ အစဉ်မပျက်ကြိုခဲ့တယ်ဆိုတာကို မင်းသိရဲ့လား...

မြစ်ကမ်းဘေးမှာရှိနေတဲ့ တစ်ပင်တည်းသော ပိတောက်ပင်ကြီးအောက်မှာ ဒူးနှစ်ဖက်ကိုပိုက်ရင်း ဟိုးအဝေးတစ်နေရာကို ငေးကြည့်နေတဲ့ ကောင်လေးဆီက မျက်ရည်စက်လေးတွေဟာ မြစ်ရေထဲစီးမြောသွားခြင်း မရှိသည့်သည့်တိုင် နှလုံးသားထဲမှာတော့ အစဉ်စီးမြောနေဦးမှာပါ... ဒီနှလုံးသားရေစီးချောင်းလေးကို တားဆီးပေးမယ့်သူကရော ဘယ်ဆီမှာများလဲ...

"ဟန်ယော..."

ဒူးပိုက်ရက်သားလေးဖြင့်ပင် အနောက်ဆီက ခေါ်သံလေးဆီလည်ပြန်ကြည့်ရင်း နှုတ်ခမ်းလေးမှာ ကော့ညွတ်လာပြီး ဟမ့်ကနဲအသံထွက်ကာ ပြုံးလိုက်မိသလို မျက်ဝန်းအိမ်ထဲက ဖြေးညှင်းစွာကျဆင်းနေသည့် မျက်ရည်စလေးတွေဟာလဲ အရှိန်မြှင့်လိုက်သည်ဟုထင်ရသည့်အထိ စီးဆင်းလာတော့သည်...

ငါစောင့်နေဦးမှာပါ... မင်းရဲ့ ခေါ်သံလေးတွေပြန်ကြားရတဲ့အချိန်ထိ စောင့်နေဦးမှာ... မင်းသာ ပြန်လာခဲ့နော်...

***************************

"ဟန်ယော..."

ပိတောက်ပင်ကြီးအောက်မှာ ကိုယ်ကိုကျုံ့ပြီးငုတ်တုတ်လေးထိုင်ကာ တုန်ယင်နေသည့်ကျောပြင်သေးသေးလေးဟာ ပျော်ရွှင်မှုတွေရောပြွန်နေသည့်အသံဖြင့် မိမိရဲ့နာမည်လေးကိုအခေါ်ခံလိုက်ရတာကြောင့် မျှော်လင့်တကြီးနောက်လှည့်ကြည့်လာတော့သည်...

ချိတ်ပိတ်နှလုံးသား / ချိတ်ပိတ်နှလုံးသား [COMPLETE]Where stories live. Discover now