PART(8)

60 3 0
                                    

(Zawgyi)

သွေးအိုင်ထဲမှာလဲနေသည့်လူနှစ်ယောက်ရဲ့ အကြည့်တွေဟာ ကြမ်းပြင်ပေါ်မှာထိုင်ပြီး တုန်လှုပ်နေတဲ့ကောင်လေးဆီသို့သာ ဦးတည်လို့နေသည်...

သွေးစွန်းထင်းနေတဲ့ လက်တွေဟာ ကောင်လေးဆီသို့သာ အားယူပြီးလာနေကြသည်...

မနက်ခင်းနေရောင်လေးဟာ ခပ်ဟဟလေးပွင့်နေသော ပြတင်းပေါက်မှ တိုးဝင်လာတဲ့ချိန်မှာ နိုးထလာတဲ့ကောင်လေးရဲ့ နဖူးမှာတော့ ချွေးစလေးတွေသီလို့နေသည်...

မျက်လုံးဖွင့်လိုက်ချိန်မှာ မင်းကိုသာစဉ်းစားမိပေမယ့် မြင်နေရတဲ့အရာကတော့ မင်းမဟုတ်ဘူးကွာ... ငါဒီအတိတ်ကနေ လွတ်မြောက်ချင်နေပြီ...

"ဟန်ယော..."

အိမ်ရှေ့ကခေါ်သံလေးက အတွေးတွေကိုရပ်သွားစေသည်...

အိမ်အောက်ထပ်ကိုဆင်းပြီး ရေနံဆီသုတ်ထားတဲ့တံခါးမကြီးကိုဆွဲဖွင့်လိုက်ချိန် အိတ်လေးတစ်လုံးရဲ့ဘေးမှာ ရပ်နေသူ...

"ဘယ်သွားမလို့လဲ..."

ဘေးမှာချထားတဲ့ ခရီးဆောင်အိတ်လေးကိုကြည့်ပြီး တည်ငြိမ်စွာမေးလာသူကို ပြန်ပြုံးပြမိသည်ထင်တယ်...

"ကိုယ် ကျောက်မဲဆေးရုံကြီးမှာ တာဝန်ကျတယ်..."

"ဩော်..."

ဩော် တဲ့... ထိုသူဆီကထွက်လာတဲ့ တစ်ခွန်းတည်းသော စကားပေါ့... မနေ့တည်းကပြောချင်ပေမယ့် ထိုသူရဲ့အတွေးတွေထဲမှာ တစ်ယောက်သောသူကသာ ပိုင်စိုးထားတာကြောင့် မသွားခင်မနက်ခင်းလေးမှာ လာနှုတ်ဆက်တာတောင် ဩော် ဆိုတဲ့ တစ်လုံးတည်းသာလက်ဆောင်ပါးလိုက်သူပါလား...

ထွက်သွားတဲ့သူချင်းမတူတော့ ကိုယ်ထွက်သွားရင်တောင် မင်းရဲ့အတွေးတစ်ထောင့်တစ်နေရာကိုတောင် စိုးမိုးနိုင်မှာမဟုတ်ဘူးပေါ့...

တံခါးကိုပြန်ပိတ်ပြီး အိမ်ပေါ်ထပ်က အခန်းလေးထဲပြန်ဝင်ကာ အလင်းရောင်ဝင်ခွင့်တောင်းနေသော ပြတင်းပေါက်လေးကိုဖွင့်ရင်း ထိုသူရပ်စောင့်နေကြ ခြံရှေ့ကနေရာလေးကို ငေးကြည့်မိသည်...

ခုတော့ ငါ့နားမှာဘယ်သူမှမရှိတော့ဘူးပေါ့... မင်းထွက်သွားတည်းက တစ်ယောက်တည်းဖြစ်ခဲ့ပေမယ့် သူကတော့အနားမှာရှိပေးခဲ့တယ်... ခုတော့သူလဲ ထွက်သွားပြီပေါ့...

ချိတ်ပိတ်နှလုံးသား / ချိတ်ပိတ်နှလုံးသား [COMPLETE]Where stories live. Discover now