PART(10)

70 4 0
                                    

(Zawgyi)

"ပြန်လာခဲ့မယ်နော်... ရောက်မလာသူဆီသွားပြီး ဒီကိုပြန်ခေါ်ခဲ့ပေးမယ်နော်..."

ပြန်မလာမယ့်သူရှိရာကိုသာ လိုက်သွားတော့မည့် ကောင်လေးမှာ မသွားခင် ပိတောက်ပင်ကြီးကို နှုတ်ဆက်စကားပြောလို့နေသည်...

ထိုသူကိုစောင့်နေခဲ့တဲ့သူမှာ ဟန်ယောတစ်ယောက်တည်းမဟုတ်ဘဲ ချစ်ရသောပိတောက်ပင်ကြီးလဲပါဝင်ခဲ့ပါသည်... ခုတော့ ဟန်ယောကပါ ထိုပိတောက်ပင်ကြီးရဲ့ အဝေးဆုံးနေရာကိုထွက်လာခဲ့ရလေပြီ...

၂၄နာရီ... ဟန်ယော သူ့ဆီရောက်ဖို့ တစ်ရက်တိတိတောင် အချိန်ယူခဲ့ရသည်... ၁၀နှစ်လုံးစောင့်ခဲ့ရသည့် အချိန်တွေဟာ ဒီ၂၄နာရီဆိုတဲ့အချိန်လောက်တောင် မကြာဘူးလို့ထင်နေမိသည်...

ကွေ့ကောက်ထွေလီတဲ့လမ်းတွေကို တစ်တောင်တက်တစ်တောင်ဆင်းရင်း ထိုသူရှိရာ ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့လေးကိုရောက်ရှိခဲ့လေပြီ...

ဒါတင်မဟုတ်ဘဲ... ထိုသူရှိရာဆီကိုရောက်ဖို့ တောင်ထိပ်တစ်ခုထိ ခြေလျင်တက်ခဲ့ရသေးသည်... ဒါပေမယ့် မပင်ပန်းပါ... တောင်စောင်းလေးမှာရပ်နေတဲ့ ကျောပြင်လေးကို မြင်နေရလို့ပေါ့...

"ထိုက်ရင့်..."

ဟန်ယောကို လှည့်ကြည့်လာသည့်တိုင် တည်ငြိမ်စွာရပ်နေသူဆီက တစ်ခုခုကိုမျှော်လင့်နေမိသည်...

ငါကသာ မျက်ရည်တွေကိုအားကိုးခဲ့ရတာကြောင့် မင်းဘက်က ငါ့ကြောင့် ကျတဲ့မျက်ရည်ကိုတွေ့ဖူးချင်ခဲ့တဲ့ ငါဟာ သနားဖို့ကောင်းမနေဘူးလား... ဒါမှမဟုတ် သိပ်ကြောက်ဖို့ကောင်းနေမလား...

ဒါပေမယ့် သူ့ဆီက အချစ်တွေကို ဟန်ယော ခံစားမိနေသည်. သူ့အတွက် အရာအားလုံးထက် အရေးပါခဲ့တဲ့ ဟန်ဟောကို မချစ်ဘူးဆိုတာဖြစ်မှမဖြစ်နိုင်တာ... အသိနောက်ကျခဲ့တဲ့ ဟန်ယောကိုယ်တိုင်ကိုလဲ အပြစ်မမြင်ပါ... ချစ်တယ်ဆိုတာသိနေပြီလေ...

သိပ်ကိုထူးဆန်းလွန်းမနေဘူးလား... ထိုက်ရင့်ရဲ့ သူငယ်ချင်းလေးက အပြုံးလေးဖြင့်တစ်လှမ်းချင်းဆီလျှောက်လာတဲ့ မြင်ကွင်းလေးကလေ...

ချိတ်ပိတ်နှလုံးသား / ချိတ်ပိတ်နှလုံးသား [COMPLETE]Dove le storie prendono vita. Scoprilo ora