PART(7)

68 3 0
                                    

(Zawgyi)

ပြတင်းပေါက်ဘောင်လေးပေါ်လက်တင်ရင်း မနက်ခင်းကောင်းကင်ကြီးကို ငေးကြည့်မိပြန်သည်... နိုးထတဲ့အချိန်တိုင်း ပေါ်လာတတ်တဲ့ပုံရိပ်လေးက သူပါ...

မနက်ခင်းကို ငှက်လေးတွေတေးသီရင်းကြိုဆိုတယ်ဆိုရင် ထိုက်ရင့်ကတော့ သူ့ကိုလွမ်းတဲ့အလွမ်းတွေနဲ့သာကြိုဆိုမှာပါ...

အစိမ်းရောင်တွေဖုံးလွှမ်းထားတဲ့ ဒီတောင်ပေါ်က အိမ်လေးကို ခေါ်လာချင်သည့်သူမှာလည်း သူတစ်ယောက်တည်းသာ...

အရမ်းလှတဲ့ ရှုခင်းကြီးကို ပြချင်လိုက်တာ... သူနဲ့အတူကြည့်ချင်လိုက်တာ...

အတိတ်ဒဏ်ရာမရှိတဲ့ ဒီနေရာလေးမှာတော့ သူငယ်ချင်းလေးနဲ့အတူဖြတ်သန်းချင်တဲ့ စိတ်ကူးက မနက်ခင်းကောင်းကင်ကြီးကို ငေးကြည့်မိတိုင်းပေါ်လာနေကြပေါ့...

အလွမ်းတွေကို စခံစားဖူးတဲ့အချိန်တွေကို ပြန်တွေးကြည့်မိရင် ငါပျော်တယ်သိလား... အဲ့ချိန်တုန်းက မင်းကတော့ ငါ့ကိုသတိရဖို့အချိန်တောင်ရှိမှာမဟုတ်ပေမယ့် မင်းနဲ့ပတ်သတ်ပြီး ပထမဆုံးဖြစ်ပေါ်လာတဲ့အလွမ်းနဲ့ငါက အဲ့ချိန်တုန်းက ဘယ်လောက်တောင် ရယ်စရာကောင်းနေလိမ့်မလဲ...

မင်းကို လွမ်းရမှန်းသိတဲ့အချိန်မှာဘဲ ငါ့ရင်ထဲမှာ ပုန်းကွယ်နေတဲ့အရာလေးတစ်ခုကို ရှာတွေ့ခဲ့တယ်ကွာ...

ချစ်မိပြီလို့ သိလိုက်ရတဲ့အချိန်မှာ သူပေးခဲ့တဲ့လက်ဆောင်က. တခြားသူအတွက်ရည်ရွယ်ထားတဲ့အပြုံးဖြစ်နေခဲ့သည်... အဲ့တော့ သူငယ်ချင်းဆိုတဲ့ စည်းလေးကိုဆွဲမိသွားတာပေါ့...

****************************

ကားဝင်းထဲ ဝင်လာမည့် ကားလေးကိုလှမ်းမျှော်နေတဲ့ ကောင်လေးဆီမှာတော့ ပျော်ရွှင်မှုတွေရောပြွန်နေသည့် အပြုံးလေးနှင့်ပေါ့...

သူပြန်လာတော့မည်... ခွဲရတဲ့ လပိုင်းအတွင်းမှာ သူ့ကိုလွမ်းတဲ့အကြောင်းတွေ ပြောပြရတော့မည်...

မေမေရဲ့ "အစ်ကို ကို လာကြိုချင်တာရော ဟုတ်ရဲ့လား..." ဆိုတဲ့ အမေးလေးကိုလဲ အပြုံးလေးဖြင့်သာ ပြန်ဖြေဖြစ်သည်...

ချိတ်ပိတ်နှလုံးသား / ချိတ်ပိတ်နှလုံးသား [COMPLETE]Where stories live. Discover now