စပ်စုသောမျက်လုံးပေါင်းများစွာဆီမှ ရှိုင်းထက်ယံကိုဆွဲခေါ်လာပေးခဲ့ပြီး လူသူရှင်းသောဘောလုံးကွင်းဆီကိုအရောက်မှာ ရှိုင်းထက်ယံက ပွဲကြည့်စင်ပေါ်ရှိခုံတစ်ခုံမှာ အင်အားချည့်နဲ့စွာထိုင်ချလိုက်သည်ကို နာကျင်စွာငေးမောနေမိသည်။
ထိုလူသား၏နာကျင်မှုသည် သူ့ကိုပါမွန်းကြပ်စေသည်။ ထိုလူသားအတွက် လေးလံနေသောဝန်ထုပ်ဝန်ပိုးကို ကူမထမ်းပေးနိုင်သည့် ဤအခြေအနေမျိုးမှာ သူသည် ဆောက်တည်ရာမဲ့စွာသွေးပျက်မိ၏။
"ထက်ယံ...မင်းဒီလိုထိန်းချုပ်ထားစရာမလိုဘူး။ မင်း ပေါက်ကွဲချင်သလောက် ပေါက်ကွဲလိုက်လို့ရတယ်။ ဒီကိစ္စကဘမင်းနဲ့မဆိုင်မှန်း ငါသိတယ်"
ရှိုင်းထက်ယံမှာ အလွန်တရာစိတ်ရှုပ်ထွေးဟန်ဖြင့် မျက်နှာကို လက်ဖဝါးထဲအပ်ထားရာမှ သက်ပြင်းရှိုက်လေသည်။ ရှိုက်ထုတ်လိုက်သော ထွက်သက်လေထဲမှာ သောကငွေ့များလွှမ်းခြုံလေသည်။
"ငါ..ပြုပြင်ထိန်းသိမ်းရေးကျောင်းကိုမသွားဘူး။ ငါ..ငါ.. သူတို့ကိုကြောက်တယ်။ ဟန်မင်း....ငါမသွားဘူးနော်"
အသိစိတ်လွတ်နေသူတစ်ယောက်လို အထိတ်တလန့်ရေရွတ်နေရှာသော ရှိုင်းထက်ယံကိုကြည့်၍ ဟန်မင်းစေရာမှာ မခံစားနိုင်စွာမျက်ရည်ကျမိပါသည်။ ချစ်ရသူ၏နာကျင်မှုကြောင့် မျက်ရည်ကျရသည်မှာ ဒုတိယအကြိမ်ပင်။
"ထက်ယံ..စိတ်ထိန်းစမ်းပါ။ မင်းဘယ်မှမသွားရပါဘူး။ ဒီကျောင်းကနေလည်း ထွက်သွားစရာမလိုဘူး"
"ဟန်မင်း...ငါ့အဖွားသေလိမ့်မယ်။ သူက တစ်ချိန်လုံး ငါဘွဲ့ရမယ့်နေ့ကိုပဲ စောင့်နေရှာတာ"
ဤတစ်ကြိမ်တော့ ထိန်းချုပ်ထားလေသော ရှိုင်းထက်ယံ၏မျက်ရည်စများ ထွက်ပြူလာလေပြီ။
သို့သော် ရှိုင်းထက်ယံက ခေါင်းကိုအတင်းငုံ့ထားပြီး ထိုပုံစံကို သူ့အား မမြင်စေလိုဟန်နှင့်ကွယ်ဝှက်နေသဖြင့် သူကလည်း ရှိုင်းထက်ယံကို ပခုံးမှကိုင်လှုပ်ရင်း ပြောလိုက်သည်။
"ငါ့ရှေ့မှာတော့ မင်းက မင်းရဲ့အရှိအတိုင်းလေးနေပေးပါ။ မင်းရဲ့အမူအရာတွေကို ထိန်းချုပ်ထားစရာမလိုပါဘူး"
YOU ARE READING
I Found My Prince Charming [Season-1]