Extra-2

7.7K 654 29
                                    

ဟန်မင်းစေရာမှာတစ်နေကုန်ရုံးခန်းအတွင်းတွင်သာ
အလုပ်များပိ၍အချိန်ကုန်နေရသည်ဖြစ်ရာလက်ရှိအချိန်ကိုပင် မေ့လျော့နေရလေသည်။

အလုပ်များအားလုံးကိုလက်စသတ်လုနီးပါးဖြစ်သော
အချိန်မှနာရီကိုကြည့်မိသောအခါအတော်ပင်နောက်ကျနေလေပြီဖြစ်သည်။ ဒီနေ့ကရှိုင်းထက်ယံကအလုပ်မှစောစော
ပြန်ရောက်မည်ဖြစ်သဖြင့်ညစျေးတန်းကိုအတူသွားကြဖို့
ပြောထားသည်။ဟန်မင်းစေရာမှာအချိန်ဤမျှအထိ
ရှိသွားပြီမှန်းအမှန်တကယ်ကိုထင်မထားသည်မို့နာရီကို
ကြည့်လိုက်ပြီးနောက်တွင်တော့လန့်ဖြန့်သွားရသည်။

Fileများကိုသေချာစစ်ဆေးကာsaveထားလိုက်ပြီး
စာရွက်စာတမ်းမှန်သမျှကိုအံဆွဲထဲသို့သေချာသိမ်းကာ
လော့ချခဲ့ရသည်။ထို့နောက်တော့ကားပါကင်သို့အမြန်
ပြေးရတော့သည်။

ရှိုင်းထက်ယံဆီသို့မမေ့မလျော့ဖုန်းဆက်ရသေးသည်။
သို့သော်ငြားရှိုင်းထက်ယံကတော့ဖုန်းကိုပြန်မဖြေပေ။

"ရှိုင်းယံ စိတ်ဆိုးနေပြီထင်တယ်"

စိတ်ဆိုးလည်းဆိုးလောက်ပါ၏။အဖေဖြစ်သူ၏
နှိက်စက်မှုများကြောင့်ဟန်မင်းစေရာမှာအလုပ်ကိုနှစ်ဆ
ပို၍လုပ်ရသည်။ပြီးခဲ့သည့်ရက်များကဆိုလျှင်ပြန်ရောက်သည်နှင့်လူကပင်ပန်းလွန်း၍လှုပ်တောင်မလှုပ်ချင်။

ရှိုင်းထက်ယံနှင့်စကားပြောနေစဥ်မှာတင်ရှိုင်းထက်ယံကို
ရင်ခွင်ထဲပွေ့ဖက်ထားရင်းကအိပ်ပျော်သွားသည်မှာလည်း
ခဏခဏပါပင်။ဟန်မင်းစေရာ၏အ​​ဖေဖြစ်သူက
လုပ်ငန်းနှင့်ပတ်သက်လာလျှင်လောဘကြီးသည်။ထို့အတူ
သားဖြစ်သူဟန််မင်းစေရာကိုလည်းဖြစ်မြောက်စေချင်စိတ်
များသည်။

အဖေလုပ်သူ၏စံချိန်စံနှုန်းနှင့်ကိုက်ညီအောင်အမှီိလိုက်ရသည်မှာလည်းမလွယ်ကူလှပေ။ဟန်မင်းစေရာကတော့
အမြဲတမ်းရှိုင်းထက်ယံအားတွေ့ရဖို့ကိုသာအာရုံများသည်။
အိမ်စောစောပြန်ရဖို့ကိုလည်းအာရုံများသည်။ဒီနေ့လည်း
အိမ်ကိုစောစောပြန်ချင်စိတ်ဖြင့်လုပ်မိသည်ကပိုဆိုးသွားလေပြီ။

I Found My Prince Charming [Season-1]Where stories live. Discover now