Ep-51

8.1K 693 10
                                    

Unicode Version

ဟန်မင်းစေရာ၏အင်တာဗျူးအပြီးမှာ ရှိုင်းထက်ယံသည် ဟန်မင်းစေရာမောင်းသော ကားပေါ်တွင် ငြိမ်သက်စွာလိုက်ပါလာ၏။

အိမ်ကိုသာ ဦးတည်နေသည်ဟု ထင်နေသည့်ရှိုင်းထက်ယံဟာ ကားပေါ်တွင် အေးအေးလူလူလိုက်ပါလာရာမှ လက်ရှိဦးတည်နေသည့်လမ်းကြောင်းမှာ စိမ်းသက်သက်ဖြစ်နေသည်ကို သတိထားမိသွားချိန်မှာ ဟန်မင်းစေရာဘက်ကို ကြောင်တောင်တောင်ဖြင့်လှည့်ကြည့်ပြီးမေးလိုက်သည်။

"ငါတို့ အခုဘယ်ကိုသွားနေတာလဲ"

ရှိုင်းထက်ယံမေးလာသောမေးခွန်းကို ဟန်မင်းစေရာက အရှေ့ကိုအာရုံမပြတ်ကြည့်နေရင်းမှပြန်ဖြေလေသည်။

"မောင့်အိမ်ကို။ ရှင်းရှင်းလင်းလင်းပြောရရင် မောင့်ရဲ့မိဘအိမ်"

"ဟမ် ဒါဆို ငါကဘာလို့ပါလာရတာလဲ"

မသိစိတ်၏စေ့ဆော်မှုအရ ရှိုင်းထက်ယံသည် မသင်္ကာဖွယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။

မသင်္ကာဟန်ဖြင့်စစ်ဆေးနေသော ရှိုင်းထက်ယံကို ဟန်မင်းစေရာကလည်း အူမြူးစွာငဲ့ကြည့်လာပြီးနောက် အသည်းယားနေဟန်ဖြင့် ပါးကိုဆွဲဖဲ့လေသည်။

"အရေးကြီးတဲ့လူကမပါလို့ဖြစ်မလား"

"မင်းမိဘတွေကို ငါတို့ဆက်ဆံရေးဖွင့်ချတော့မယ်လို့တော့ မပြောနဲ့နော်"

"ဟုတ်တယ်လေ။ အဲ့ဒါအပြင်ဘာရှိသေးလို့လဲ"

ဟန်မင်းစေရာက သာမန်ကိစ္စတစ်ခုလို မင်သေသေဖြင့်ပြောနေသော်လည်း ရှိုင်းထက်ယံကတော့ မတည်ငြိမ်နိုင်တော့ပေ။ တစ်ဖကိလူ၏မိဘကိုတွေ့ဖို့ သူဟာ လက်ဗလာနှင့်လိုက်လာမိသည့်အပြင် အခြားပြင်ဆင်မှုများလည်း မလုပ်ခဲ့ရပေ။

"ငါ တွေ့ဖို့အဆင်သင့်မဖြစ်သေးဘူးလေ။ ပြီးတော့ ငါတို့အဲ့ဒီကိစ္စကိုသေချာမဆွေးနွေးရသေးဘူးမလား"

"ရှိုင်းယံ အခုပြောလည်းဒါပဲ။ နောက်မှပြောလည်း ရင်ဆိုင်ရမှာချင်းအတူတူပဲ။ အဲဲဒီ့အစား မောင်ကတော့စောစောစီးစီးပြီးသွားစေချင်တာပဲ"

I Found My Prince Charming [Season-1]Where stories live. Discover now