Unicode Version
ဤရက်များဟာ ဟန်မင်းစေရာအား အလွန်တရာစိတ်ထိခိုက်စေဖို့အစွမ်းကုန်စွမ်းဆောင်လျက်ရှိသည်။
ဒေါသမပြေနိုင်သေးသောရှိုင်းထက်ယံမှာ သုံးရက်တိတိ ဟန်မင်းစေရာကို ရှောင်နေလေသည်။ ဟန်မင်းစေရာခမျာ စကားပြောခွင့်မရသည်သာမက မျက်နှာချင်းဆိုင်ခွင့်ပင်မရရှာပေ။
အခြားသူများမှာလည်း ရှိုင်းထက်ယံ၏အရှေ့တွင် ဟန်မင်းစေရာ၏အကြောင်းပြောရန် အခွင့်မသာကြောင်း နားလည်ထားသည့်အတွက်ကြောင့်မပြောဖြစ်ကြ။
သို့သော် ဟန်မင်းစေရာကတော့ ရှိုင်းထက်ယံကို ခဏတဖြုတ်ဖြစ်ဖြစ် တွေ့ရမည့်အခွင့်အရေးကို လက်မလွှတ်တတ်ချေ။
မနက်အစောပိုင်းဆိုလျှင် အတန်းမသွားခင် အဆောင်ထဲမှစောစောထွက်လာခဲ့ပြီး ရှိုင်းထက်ယံတို့အဖွဲ့ အပေါ်ထပ်ကဆင်းအလာကို စောင့်သည်။ သူ့ကို မသိချင်ယောင်ဆောင်သွားသော ရှိုင်းထက်ယံ၏ပုံစံကိုလည်း ရင်နာနာဖြင့်ငေးကြည့်သည်။
ကျောပိုးအိတ်ကို ပခုံးတစ်ဖက်တည်းတွင်တင်လွယ်ကာ ရှပ်လက်ရှည်အဖြူရောင်နှင့်style pantကို တွဲဖက်ဝတ်ဆင်သော ခပ်မိုက်မိုက်ပုံံစံဖြင့်ရှိုင်းထက်ယံမှာ ယခင်ရက်များကထက် ပို၍ကြည့်ကောင်းနေသယောင်။
ချစ်စရာကောင်းအောင်ဝတ်ဆင်ထားသည့်နေ့မျိုးဆိုလျှင် ဟန်မင်းစေရာ၏ချစ်မြတ်နိုးစိတ်အဟုန်ကို ထိန်းမရဖြစ်စေသလို ခပ်မိုက်မိုက်သန့်ပြန့်စွာ ဝတ်စားထားသည့်နေ့မျိူးဆိုလျှင်လည်း ခန့်ခန့်ညားညားပုံစံကြောင့် သူဟာ ငေးမောကြည့်နေရုံသာတတ်နိုင်သည်။
ယနေ့အဖို့လည်း သူသည် ရှိုင်းထက်ယံတို့အနောက်က မသိမသာဖြင့် ကပ်လိုက်သွားလိုက်သည်။ ရုတ်တရက်ဆိုသလို မိန်းကလေးတစ်စု၏ တိုးတိုးကြိတ်ကြိတ်ပြောနေသံများတွင် ရှိုင်းထက်ယံ၏နာမည်ကပ်ပါနေသဖြင့် ရှိုင်းထက်ယံ၏အနောက်ကလိုက်နေခြင်းကို ခဏရပ်ကာ မယောင်မလည်နှင့်နားထောင်နေလိုက်သည်။
"ရှိူင်းထက်ယံလား။ သူ့နာမည်က"
"အေးပါဆို။ ဒီတက္ကသိုလ်နယ်တစ်ဝိုက်မှာ လူဆိုးလေးဆိုပြီးနာမည်ကြီးတာလေ။ ဘာရယ်.. စေတန်အဖွဲ့ဆိုပြီးတောင်သတင်းထွက်နေတာကို"
YOU ARE READING
I Found My Prince Charming [Season-1]