Unicode Version
ဟန်မင်းစေရာတစ်ယောက် မနက်ပိုင်းတွင် ကျောင်းတစ်ပတ် roundလှည့်ကာ စစ်ဆေးပြီးသည့်နောက် စည်းကမ်းတကျမရှိသည့် ကျောင်းသားကျောင်းသူများကို သတိပေးတန်လျှင်ပေးပြီး အရေးယူတန်လျှင်ယူရသည်။
အချို့ကျတော့ ကျောင်းသားကဒ်မပါဘဲအတန်းတက်သည်
မျိုးကိုတော့ သတိပေးရုံလောက်နှင့်ရသော်လည်း အချင်းချင်းရန်ဖြစ်ကြသည်မျိုးဆိုလျှင် ရုံးခန်းသို့ခေါ်၍ ခံဝန်ကတိထိုးခိုင်းသင့်သည့်သူကိုထိုးခိုင်း၍ ဆရာ့လက်ကို အပ်သင့်သူအားအပ်ရသည်။အချို့ကိစ္စမျိုးတွင် ဟန်မင်းစေရာဝင်ပါ၍ လွယ်ကူသော်လည်း မိန်းကလေးချင်း ကိုယ်ထိလက်ရောက်အချင်းချင်းရိုက်နှက်နေသည့်အခါ ဟန်မင်းစေရာမှာ မည်ကဲ့သို့ဝင်ဆွဲရမည်မသိ။ ထိုအခါမျိုးတွင်အနည်းငယ်ငေါက်ငမ်းရုံဖြင့်မရပ်လျှင် အတော်ကိုခေါင်းခြောက်ရသည်။
ဒီနှစ်ပြီးလျှင်တော့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှထွက်မည်ဟုစိတ်ကူးမိသော်လည်း အဖွဲ့ခေါင်းဆောင်က အတင်းတားနေသဖြင့်အားနာနေရပြန်သည်။ နောက်ဆိုလျှင် အားနာတတ်သည့်အကျင့်လေးလည်း ပြင်သင့်သည်။
မနက်ပိုင်းက မနက်စာစားဖို့အချိန်မရလိုက်သည်ဖြစ်ရာ နေ့လယ်ခင်း၏ နောက်ဆုံးအတန်းချိန်တွင်ဗိုက်ဆာလာရာ အတန်းကလည်း မဆင်းသေးသဖြင့် ဟန်မင်းစေရာမှာ ဆာလောင်ခြင်းကိုကြိတ်မှိတ်သည်းခံကာ အတန်းအမြန်ဆင်းဖို့သာ မျှော်နေရသည်။
"မနက်ဖြန်ကျရင် ဒီထဲမှာပါတဲ့ Cloning Methodologyနဲ့ပတ်သက်တဲ့Assignmentကိုအတန်းထဲမှာတင် ရေးခိုင်းမယ်။ အဲ့ဒါနဲ့ပတ်သက်တဲ့အချက်အလက်တွေရှာလာခဲ့ကြပါ။ ဒီနေ့တော့ဒီလောက်ပါပဲ"
နောက်ဆုံးတော့ ဟန်မင်းစေရာစောင့်မျှော်နေသောအချိန်ကိုရောက်လာပြီဖြစ်ရာ သနားစဖွယ်အစာအိမ်ကို အာဟာရဖြည့်တင်းဖို့ ကန်တင်းဆီသို့ ဦးတည်လိုက်သည်။ သွားနေရင်းဖြင့် ရှိုင်းထက်ယံထံသို့လည်း မမေ့မလျော့ဖုန်းခေါ်သေးသည်။
နှစ်ယောက်သားအကြား ကတောက်ကဆကိစ္စဖြစ်ပြီးကတည်းက သူတို့နှစ်ယောက်၏ဆက်ဆံရေးမှာ တစ်မျိုးတစ်မည်ထူးဆန်းလာပြီး သူငယ်ချင်းမကရည်းစားမကျဟုပြောရလောက်သည့် အခြေအနေကိုရောက်လာသည်။
YOU ARE READING
I Found My Prince Charming [Season-1]