Ch-9

5.8K 1K 9
                                    

Unicode

သူကအမြဲတမ်း တစ်ယောက်တည်းဖြစ်နေခဲ့တာပဲ။ 

ကုန်းချင်က ဘာမှထပ်မပြောတော့ဘဲနဲ့ ဆင်ဝင်ပေါက်ရှိရာဆီသို့ ဦးတည်သွားလိုက်တယ်။

သူက သူ့ကုတ်အင်္ကျီကို ယူဖို့လုပ်လိုက်တဲ့အချိန်မှာ တစ်ခဏမျှ ရပ်တန့်သွားခဲ့တယ်။ အဲဒီနေရာမှာ အရောင်ရော၊ ဒီဇိုင်းပါမက ဆိုဒ်ပါတူနေတဲ့ လေကာအင်္ကျီနှစ်ထည် ရှိနေခဲ့တယ်။

xxxxxxxxxx

အဲဒီတုန်းက သူအရမ်းကို စိတ်အနှောင့်အယှက်ဖြစ်လာပြီးတော့ ဟယ့်လင်ကို ပြောခဲ့တယ်။

"မင်း ငါ့ဟာနဲ့တစ်ပုံစံတည်းတူတဲ့ အင်္ကျီတွေ မဝယ်လို့ရမလား? ဘယ်တစ်ခုက ငါ့ဟာမှန်းကို မခွဲတတ်တော့ဘူး"

ဟယ့်လင်က သူ့ရဲ့နားသီးလေးကို နမ်းပြီးတော့ပြောခဲ့တယ်။
"ဘာဖြစ်လဲ? ကိုယ့်အင်္ကျီတွေဝတ်တာက မကောင်းတဲ့အရာမို့လို့လား?"

အဲဒီအချိန်တုန်းက ကုန်းချင်ရဲ့ပါးစပ်ကနေ ဘာစကားတစ်ခွန်းမှ ထွက်မလာခဲ့ဘူး။ ဒါပေမဲ့ အဆုံးမှာတော့ သူ့ရဲ့ကုတ်ကို ဝတ်ဖို့လိုအပ်နေဆဲပဲလေ။

xxxxxxxxxx

ကုန်းချင်ရဲ့လက်က တစ်ခဏမျှ ရပ်တန့်သွားပြီးမှ ဘယ်ဘက်မှာရှိနေတဲ့ အင်္ကျီကိုယူဝတ်လိုက်တယ်။

သူအိမ်ကို စောစောပြန်ရောက်ပြီးတော့ အဝတ်အစားတွေကို ဘယ်ဘက်အခြမ်းမှာ ထားခဲ့တာ။ ဒါကြောင့် ညာဘက်မှာရှိနေတာက ဟယ့်လင်ရဲ့အဝတ်အစားတွေပဲ ဖြစ်ရမယ်။

ဒါပေမဲ့ အဓိကအချက်ကဘာလဲ?

ဒီအဝတ်အစားတွေက အမှန်တကယ်ပဲ သူ့ရဲ့အဝတ်အစားတွေ ဖြစ်တယ်ဆိုတာကို သူခွဲခြားနိုင်တာ ဒီနေ့တစ်နေ့ပဲရှိသေးတယ်။ မရေမတွက်နိုင်ခဲ့တဲ့ ဟိုအရင်ကနေ့ရက်တွေမှာ ဘယ်အင်္ကျီက ဘယ်သူ့ဟာလဲဆိုတာကို သူတစ်ခါမှမပြောနိုင်ခဲ့ဘူး။

ဒါပေမဲ့ အဆုံးမှာတော့ သူဒါတွေကို ခွဲခြားနိုင်ခဲ့ပြီ။

ကုန်းချင်နောက်ဆုံးတော့ မြေအောက်ကားပါကင်ကို ရောက်လာခဲ့ပြီးတော့ သူ့ရဲ့ကားကို တွေ့လိုက်ရတယ်။ သူအဲဒီကားကို လုံးဝကိုမသုံးချင်ဘူး။

ချိုပေမဲ့, တိုတိုလေး (ဘာသာပြန်)Where stories live. Discover now