Ch-23

4.8K 985 27
                                    

Unicode

ဒိတ်ကြည့်ရအောင်။

"ငါမင်းကိုဘယ်လိုမုန်းနိုင်မှာလဲ..."
ရှယန်ရဲ့အသံက လုံးဝကို အကူအညီမဲ့နေခဲ့တယ်။

ရှယန် နင်ချန်းကိုသဘောမကျတာမျိုး ရှိရင်ရှိမယ်၊ နင်ချန်းကို အပြစ်တင်ရင်တင်ခဲ့မယ်၊ နင်ချန်းရဲ့စနောက်မှုတွေကြောင့် စိတ်ဆိုးရင်ဆိုးခဲ့မယ်၊ ဒါပေမဲ့ သူဘယ်တုန်းကမှ နင်ချန်းကို မမုန်းနိုင်ခဲ့ဘူး။

နင်ချန်းရဲ့ နှုတ်ခမ်းပါးလေးတွေက တဆတ်ဆတ်တုန်နေတယ်။ သူကခေါင်းမော့ပြီး ရှယန်ကိုကြည့်လိုက်တယ်။
"မင်းတကယ်..."

နင်ချန်းကို မျက်နှာချင်းဆိုင် တွေ့လိုက်ရတော့ သူ့နှလုံးသားအောက်ခြေက ပြာမှုန်လေးတွေက တဖြည်းဖြည်းချင်း မီးတောက်လေးတွေတောက်လောင်လာသလို ရှယန်ခံစားလိုက်ရတယ်။ သူရှေ့ဆက်ပြီး ထပ်မတွေးရဲတော့ဘူး။

"ငါမင်းကိုချစ်တယ် ဒီခံစားချက်က ဘယ်တော့မှပြောင်းလဲသွားမှာ မဟုတ်ဘူး"

နင်ချန်းကရှယန်ကို ပူပန်စွာကြည့်လိုက်တယ်။
"မင်းတကယ်...."

ရှယန် သက်ပြင်းကိုဖွဖွလေး ချလိုက်တယ်။
"နင်ချန်း ငါတို့ရဲ့ အတိတ်ကခင်မင်မှုကိုထောက်ပြီး ငါ့ကိုထပ်မနှောင့်ယှက်ပါနဲ့တော့"

နင်ချန်း တိတ်ဆိတ်သွားတယ်။

ရှယန် သူ့ရဲ့အကြည့်တွေကို ထပ်ပြီးထိန်းချုပ်မထားနိုင်တော့ဘူး။ သူနင်ချန်းကို ရင်းနှီးစွာ လောဘကြီးစွာနဲ့ စိုက်ကြည့်နေမိတယ်။ သူကညင်သာတဲ့အသံနဲ့ ပြောလိုက်တယ်။

"ဒီလိုဝန်ခံတာမျိုးကို ရင်ဆိုင်ရပြီးရင် အဲဒီလိုကြောင်တောင်တောင်ပုံစံကို ပြမယ့်အစား တန်းပြီးငြင်းလိုက်သင့်တယ်၊ မင်းငါ့အကြောင်း ကောင်းကောင်းသိတာပဲ၊ ငါက ဒီလိုကိစ္စမျိုးကို ဟာသလုပ်ပြောနေမယ့် ကောင်မျိုးမဟုတ်ဘူး၊ ဒါ ကလေးကစားစရာ ကိစ္စမဟုတ်ဘူး၊ ငါစကားလုံးတိုင်းကို အလေးအနက်ထားပြီး ပြောခဲ့တာ"

နင်ချန်းရဲ့နှလုံးခုန်သံက နည်းနည်းမြန်လာခဲ့တယ်။
"ငါသိတယ်၊ မင်းကငါနဲ့မတူတာ ငါသိတယ်"

ချိုပေမဲ့, တိုတိုလေး (ဘာသာပြန်)Where stories live. Discover now