Ch-22

4.6K 930 17
                                    

Unicode

နင်ချန်း ငါမင်းကိုချစ်တယ်။

ရှယန်ရဲ့နဖူးကြောတွေ တွန့်သွားတယ်။ နောက်ဆုံးတော့ နင်ချန်းရဲ့စကားတွေကို သူတကယ်ပဲ ထပ်နားမထောင်နိုင်တော့ဘူး။

"ငါ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းထားမှာပါ အချိန်တွေကုန်လွန်သွားရင်တော့ ငါ...."

သူ့စကားတွေက သူအဆုံးမသတ်နိုင်ခဲ့တဲ့ သူ့ရဲ့ခံယူချက်တွေနဲ့ ဆန့်ကျင်နေလေတယ်။

အံ့ဩလွန်းလို့ စကားမပြောနိုင်ဖြစ်နေတဲ့ နင်ချန်းက ဒီမေးခွန်းတစ်ခုကိုပဲ ထပ်မေးလိုက်တယ်။
"မင်းကငါ့ကိုချစ်တယ်?"

နောက်ဆုံးစကားလုံးမှာ သူက သူ့အသံကိုမြှင့်လိုက်တယ်။

ရှယန်က ဒီလိုအကြည့်ကိုတွေ့ရတော့ နည်းနည်းစိတ်လှုပ်ရှားသွားတယ်။
"မင်းငါ့ကို ခွင့်မလွှတ်နိုင်ဘူးဆိုတာ ငါသိပါတယ်၊ ငါလည်း ငါ့ကိုယ်ငါ ခွင့်မလွှတ်နိုင်ဘူး"

ငါမင်းကိုချစ်တဲ့အတွက်ကြောင့်လေ..

ဒီမလိုလားအပ်တဲ့ ခံစားချက်တွေက သူတို့ငယ်စဉ်ကတည်းကနေ အခုအချိန်ထိ တည်ဆောက်ထားခဲ့တဲ့ ခင်မင်မှုကို အဆုံးသတ်သွားစေခဲ့တယ်။ အရင်ကလို တူညီတဲ့ခင်မင်မှုမျိုးဆိုတာ လုံးဝကျန်ရှိမနေတော့ဘူး။

သူက အဓိကတရားခံပဲ၊ သူ့ကိုယ်သူလည်းသိတယ် ဒါပေမဲ့....

လူတွေသာ သူတို့ရဲ့နှလုံးသားကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် နာကျင်မှုတွေအများကြီးကို ခံစားရမှာလား?

နင်ချန်းက သူ့ခန္ဓာကိုယ်ကို လုံးဝမလှုပ်မယှက် နေနေပြီးတော့ ရှယန်ကို စိုက်ကြည့်နေခဲ့တယ်။ နောက်ဆုံးတော့ သူက မတူညီတဲ့နည်းလမ်းနဲ့ မေးလိုက်တော့တယ်။
"လွန်ခဲ့တဲ့ လေးနှစ်တုန်းက မင်းငါ့ကို အဲဒီလိုလုပ်ခဲ့တဲ့ အကြောင်းရင်းက မင်း...မင်း....ငါ့ကို......"

ဘာလို့လဲတော့ နင်ချန်းမသိပေမဲ့ ရုတ်တရက်ဆိုသလိုပဲ သူစကားတစ်ခွန်းမှ မဆိုနိုင်တော့ဘူး။

သူတစ်ခါမှ မခံစားဖူးတဲ့ ဆောင့်တက်လာတဲ့အပူလုံးကြီးက သူ့လည်ချောင်းထဲကို ရောက်လာတယ်။ ဒါကပဲသူ့ကို အသက်ရှူကြပ်လာစေပြီး မျက်နှာကြီးနီလာစေတယ်။

ချိုပေမဲ့, တိုတိုလေး (ဘာသာပြန်)Where stories live. Discover now