Ch-14

5.8K 1K 15
                                    

Unicode

တခြားယောကျာ်းတစ်ယောက်ကို ချစ်မိသွားစေဖို့ သူ့နှလုံးသားစေရာနောက် လိုက်ခဲ့တယ်။

ကုန်းချင် 'မေမေ' လို့ ခေါ်တတ်တဲ့ အရွယ်မှာပဲ သူ့အမေက ပြင်သစ်ကိုပြန်သွားခဲ့တယ်။

ဒီတရုတ်-ပြင်သစ်ကပြား အမျိုးသမီးက သူ့ယောကျာ်းနဲ့အတူမနေချင်ခဲ့ဘူး။ သူမက ‌ကလေးတောင် လိုချင်ခဲ့တာမဟုတ်ဘူး။

ငယ်စဉ်ကလေးဘဝကနေ ကြီးပြင်းလာတဲ့အထိ ကုန်းချင်က အမြဲတမ်းထူးချွန်တဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ်။

ပုံမှန်ထူးချွန်တယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ အရွယ်နဲ့မလိုက်အောင်တော်တဲ့ တုန်လှုပ်ဖွယ်ထူးချွန်မှုမျိုးဖြစ်တယ်။

သူကစာမေးပွဲတွေတိုင်းမှာ အမြဲတမ်း ပထမနေရာကို ရခဲ့တယ်။ သူကသူ့အဖေရဲ့ လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းပေးခဲ့တယ်။ နောက်ဆုံး သူ့အဖေထက်ကို သာလွန်သွားပြီး သူ့အဖေနေရာမှာ အစားထိုးဝင်နိုင်ခဲ့တဲ့အထိပဲ။

သူ့ကိုယ်သူအလွန်အမင်း စည်းတားထားခဲ့ခြင်းက သူ့ဘဝကြီးကို စီးဆင်းမှုကင်းမဲ့တဲ့ ရေကူးကန်ထဲကရေလိုမျိုး ခံစားရစေခဲ့တယ်။

သူ့ဘဝရဲ့ တစ်ခုတည်းသော မတော်တဆမှုလေးက ဟယ့်လင်ပဲဖြစ်တယ်။

ဟယ့်လင်က အကျိုးအကြောင်းမရှိ သူ့ဘဝထဲကိုတိုးဝင်လာခဲ့တယ်။ ရွှေရောင်ဓားတစ်ချောင်းလိုပဲ.... သူ့ဘဝထဲကို တိုးဝင်လာခဲ့ပြီး အဆုံးမရှိတဲ့ တောက်ပတဲ့အလင်းရောင်ထဲကို သူ့ကိုခေါ်ဆောင်သွားခဲ့တယ်။

ကုန်းချင်က မျက်စိကျိန်းလောက်အောင် တောက်ပလွန်းတဲ့ ဒီလိုလူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒါမှမဟုတ် ဒီလိုထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့လူမျိုးကို မမြင်ဖူးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

သူတို့က လုံးဝဆန့်ကျင်ဘက် လူနှစ်ယောက်ပဲ။ အလင်းနဲ့အမှောင်လို၊ အဖြူနဲ့အမည်းလိုမျိုးပေါ့။

ကုန်းချင် ဟယ့်လင်ကိုကြိုက်တယ်။ ထိုသူရဲ့အရာအားလုံးကို သူသဘောကျတယ်။

ချိုပေမဲ့, တိုတိုလေး (ဘာသာပြန်)Where stories live. Discover now