Ch-24

4.9K 949 55
                                    

Unicode

မင်းကိုပြောဖို့လိုတာ တစ်ခုရှိတယ်။

နင်ချန်း အံ့အားသင့်သွားတယ်။ သူတင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခဲ့တဲ့ ခေါင်းအုံးကလည်း ပြုတ်ကျသွားခဲ့တယ်။ သူ့ကိုကိုင်ဆောင်ထားတဲ့လူလိုပဲ ခေါင်းအုံးက ကြမ်းပြင်ပေါ်ကို အသာအယာပဲကျသွားခဲ့တယ်။

"ရွံဖို့ကောင်းလား?"
သူတို့ချင်းခွာလိုက်ပြီးနောက် ရှယန်ကမေးလိုက်တယ်။

သူ့အသံက သိပ်ကိုတည်ငြိမ်နေတယ်။ ဒါပေမဲ့ အဲဒီအစား သူ့ရဲ့ ပိန်းပိတ်အောင်နက်မှောင်နေတဲ့ မျက်တောင်လေးတွေကတော့ မသိမသာ တုန်လှုပ်နေခဲ့တယ်။

နင်ချန်းက ရှော့ရနေရာကနေ ပြန်ကောင်းမလာသေးဘူး။

ရှယန်သူ့ကို စိုက်ကြည့်နေလိုက်တယ်။ ကုန်လွန်သွားတဲ့ စက္ကန့်တိုင်းက သိပ်ကိုရှည်ကြာလွန်းနေတယ်။ သူတို့ဝေးနေခဲ့ရတဲ့ လေးနှစ်တာကာလလိုပဲ။

သတိပြန်ဝင်လာပြီးတဲ့နောက်မှာ နင်ချန်းရဲ့နားရွက်တွေက နီရဲလာခဲ့တယ်။
"ငါကဘာလို့ ရွံရမှာလဲ...."

ရှယန်ရဲ့နှလုံးသားက ပြင်းပြင်းထန်ထန်ကို ခုန်လှုပ်နေတယ်။ သူနောက်တစ်ကြိမ် ထပ်မေးလိုက်တဲ့အခါမှာတော့ သူ့အသံတွေက အက်ရှနေခဲ့တယ်။
"အဲဒါကို မုန်းလား?"

နင်ချန်းရဲ့ ဦးဏှောက်စီးဆင်းနေမှုက တခြားတစ်ခုအပေါ်ကိုသာ အာရုံရောက်နေခဲ့တယ်။ သူကမေးလိုက်တယ်။
"ဒါဆို ငါနဲ့ဒိတ်ဖို့ သဘောတူလိုက်ပြီပေါ့?"

ရှယန်က နင်ချန်းရဲ့လက်ကို ဆွဲကိုင်လိုက်တယ်။ ဒီရှည်သွယ်တဲ့လက်ချောင်းလေးတွေကို ချိုးပစ်နိုင်လောက်တဲ့အထိ သူအားတွေအများကြီး သုံးထားတယ်။

"နင်ချန်း...."
ရှယန် သူ့နာမည်ကိုခေါ်လိုက်ပေမယ့်လည်း ဘာဆက်ပြောရမှန်း မသိပြန်ဘူး။

ဝမ်းမြောက်မှုတွေရော၊ ကြောက်ရွံ့မှုတွေရော သူ့သွေးကြောတွေထဲမှာ ပြင်းထန်တဲ့ မုန်တိုင်းတွေလို၊ မြည်သံဟိန်းနေတဲ့ လှိုင်းတံပိုးတွေလိုမျိုး လူးလာလှုပ်ရှားနေကြတယ်။ တိမ်တွေပေါ်မှာ ရပ်နေရသလိုခံစားချက်မျိုး သူ့ကိုပေးစွမ်းနေလေတယ်။

ချိုပေမဲ့, တိုတိုလေး (ဘာသာပြန်)Where stories live. Discover now