Ch-26 End

7.5K 1K 17
                                    

Unicode

သူလည်း သူ့ကိုချစ်ခဲ့တယ်။

နောက်တစ်နေ့ နင်ချန်းနိုးလာတော့ ရှယန်က ပင်ပန်းတဲ့ပုံပေါက်နေတာကို သူသတိပြုမိလိုက်တယ်။ ရှယန်က တစ်ညလုံးဒီအတိုင်း နေနေတဲ့ပုံပဲ။

နင်ချန်းက အနားကိုတိုးကပ်သွားလိုက်ပြီး ရှယန်ကိုကြည့်လိုက်တယ်။
"ကောင်းကောင်းအိပ်မပျော်ဘူးလား?"

ရှယန် ကောင်းကောင်းအိပ်မပျော်ရုံတင်မကဘဲ၊ တကယ်တော့ အိပ်ကိုမအိပ်ရသေးတာဖြစ်တယ်။

နင်ချန်းကသူနဲ့ အရမ်းနီးကပ်နေတာကြောင့် ရှယန် မတတ်သာဘဲ အကြည့်လွှဲလိုက်ရတယ်။
"မနက်စာဘာစားချင်လဲ?"

နင်ချန်းက သူ့အကြောင်းကောင်းကောင်းသိတယ်။ သူ့ရဲ့ဒီလိုပုံစံကို ကြည့်လိုက်တာနဲ့ ရှယန်က သူ့ကိုတစ်ခုခု ဖုံးကွယ်ထားတယ်ဆိုတာ နင်ချန်းသိလိုက်တယ်။ လွန်ခဲ့တဲ့လေးနှစ်က မရေမတွက်နိုင်ခဲ့တဲ့ အချိန်တွေတုန်းကလိုပဲ၊ နင်ချန်းက ရှယန်ကမျက်နှာဖုံးကိုဖြတ်ပြီး သူ့မျက်လုံးတွေကတဆင့် မြင်နေရတယ်။

"ဘာဖြစ်လို့လဲ?"

ရှယန် - "......."

နင်ချန်းရဲ့ နာဗ်ကြောတွေက ခုန်လှုပ်သွားတယ်။ သူမေးလိုက်တယ်။
"မင်းနောင်တရနေတာ မဟုတ်ပါဘူးနော် ဟုတ်တယ်မဟုတ်လား?"

ငါတို့ကြိုးစားကြည့်ရုံပဲရှိသေးတယ်၊ နောင်တကရနေပြီ၊ ဒါက ဒေါသထွက်စရာပဲ.....

ရှယန်က ချက်ချင်းပြောလိုက်တယ်။
"အဲဒီလိုမဟုတ်ဘူး!"

နင်ချန်းရဲ့ဒေါသတွေက ငြိမ်ကျသွားတယ်။ သူကထပ်မေးလိုက်တယ်။
"ဒါဆိုဘာဖြစ်တာလဲ? ဘာပြဿနာရှိနေလို့လဲ?"

အချိန်တခဏလောက် ရပ်တန့်သွားပြီးတဲ့နောက်မှာ ရှယန်ကညင်သာစွာ ပြောလိုက်တယ်။
"ဒါ.... တကယ်လား?"

မနေ့ညက ဖြစ်ပျက်ခဲ့တာတွေက တကယ်လား? သူ့မျက်လုံးရှေ့က နင်ချန်းက အစစ်လား? သူတို့တွေ တကယ်တွဲနေကြပြီလား?

အရာအားလုံးဖြစ်ပျက်သွားတာ ရုတ်တရက်ဆန်လွန်းတယ်။ သူမျက်လုံးမှိတ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ လွန်ခဲ့တဲ့လေးနှစ်က နေ့တွေညတွေလိုမျိုး သူ့ဘေးမှာ ဘာမှရှိမနေမှာ သူကြောက်တယ်။

ချိုပေမဲ့, တိုတိုလေး (ဘာသာပြန်)Where stories live. Discover now