"Heart Hunter-16"

5.4K 426 7
                                    

(Zawgyi)

ညစာစားဖို့လာ​ပေမယ့်​မထင်​မှတ်​ဘဲ​ဆေးရုံကို​ရောက်​လာခဲ့တယ်​။

"လမ်း​လျှောက်​နိုင်​ရဲ့လား taehyung...."

"ရတယ်​...."

အသံ​ဖျော့​ဖျော့​လေးနဲ့ ပြန်​ဖြေပြီး​ဆေးရုံထဲဝင်​လာခဲ့တယ်​။jungkookက​တော့​ဘေးကလိုက်​ထိန်း​ပေးရတာ​ပေါ့။

ချက်​ချင်းဆရာဝန်​နဲ့ပြလို့ရတာကံ​ကောင်းတယ်​ပြောရမယ်​။ဆရာဝန်​ရဲ့အခန်းထဲမှာ ကုတင်​ပေါ်ထိုင်​နေတဲ့taehyungရယ်​ဆရာဝန်​ရယ်​nurseတစ်​ယောက်​ရယ်​jungkookရယ်​သူရှိတယ်​။

"အ​အေးမိသွားတာ ပြီး​တော့ အားနည်း​နေတာလဲပါတယ်​ဆေးသွင်းလိုက်​ရင်​ပိုပြီးထိ​ရောက်​လိမ့်​မယ်​ဒီမှာဘဲ ၂နာရီ​နားသင့်​တယ်​"

"ဟုတ်​ကဲ့...."

​ဆေးသွင်းမယ်​ဆိုတာနဲ့ taehyungက ထရပ်​နေပြီ။

"Taehyung....ခနဘဲ​ဆေးသွင်းရမှာ...ကိုယ်​စောင့်​မယ်​လေ ထိုင်​...."

"မသွင်းဘူး​နော်​...​ဆေးဘဲ​သောက်​မှာ...."

အခန်းဝကိုပြန်​သွား​တော့ jungkookကဘဲဆွဲထားရတယ်​။

"မင်း​နေမှမ​ကောင်းတာ​ဆေးပုလင်းဘဲချိတ်​ရမှာကို ပြန်​ထိုင်​...."

သိတဲ့အတိုင်း nurseဆိုသည်​မှာ အပ်​နဲ့တခြားပစ္စည်းကိရိယာက ဆရာဝန်​လက်​ထဲအပ်​ပြီးသား။

"သား ခနဘဲမနာဘူး လက်​ပေး"

ဆရာဝန်​လဲ​ဖြောင်းဖျရှာတယ်​။taehyungက​တော့ လုံးဝလက်​မခံ​ခေါင်းဘဲခါ​နေတယ်​။မျက်​နှာကလဲဖြူဖက်​ဖြူ​ရောနဲ့ တဖြည်းဖြည်း​ကြောက်​လာပုံရတယ်​နှုတ်​ခေါင်းထိပ်​နဲ့မျက်​ခမ်း​တွေနီလာပြီး မျက်​ရည်​တွေဝဲလို့။

"Taehyung...."

"လွှတ်​~~​နော်​...."

Jungkook's pov

"ဟာ....taehyung....​နေမ​ကောင်းတာကိုငိုဦးမယ်​"

"ကဲထိုင်​လိုက်​"

ငိုမဲ့မဲ့​လေးကို ကုတင်​ပေါ်မှာထိုင်​စေတယ်​။ပြီးမှ ဆရာဝန်​ကို jungkookက အားနာပြုံးပြုံးပြပြီး​ဆေးသွင်းဖို့ အချက်​ပြလိုက်​တယ်​။jungkookကအစက​နောက်​ဆုတ်​ဖယ်​ပေးမယ်​ပေါ့။taehyungက jungkookကုတ်​အနားကိုဆွဲပြီး မျက်​ရည်​တွေ ကျလာပြီး သနားစရာရုပ်​လေးလုပ်​ပြ​နေတယ်​။

𝑯𝒆𝒂𝒓𝒕 𝑯𝒖𝒏𝒕𝒆𝒓♡(Z+U)Completed♡︎Where stories live. Discover now