"Heart Hunter-32"

6K 366 4
                                    

(Zawgyi)

☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎

Jungkook​ရော taehyung​ရော မိဘ​တွေ​ရှေ့မှာ မျက်​နှာပူစွာထိုင်​နေကြသည်​။taehyungအ​မေနဲ့အ​ဖေကလဲ မျက်​နှာတည်​နှင့်​ဖြစ်​ပြီးတာ​တောင်​ပြန်​ပြောင်းလို့မရ​ပေမယ့်​နောက်​မဖြစ်​အောင်​သတိ​ပေးယုံသာရှိသည်​။

"အခုလို မျက်​နှာ​ပြောင်​တိုက်​ပြီး ပြန်​ရောက်​လာတာကို​တောင်းပန်​ပါတယ်​အန်​တီနဲ့အန်​ကယ်​....."

"​ပြောရရင်​အန်​တီတို့လဲ ပြီးခဲ့ပြီဆို​တော့ထပ်​မ​ပြောချင်​တော့​ပေမယ့်​နောက်​တစ်​ခါထပ်​မဖြစ်​ဖို့​မျှော်​လင့်​ပါတယ်​....."

"ကျ​နော်​တကယ်​တောင်းပန်​ပါတယ်​....​နောက်​ဘယ်​တော့မှအခုလိုမဖြစ်​စေရပါဘူး....ကျ​နော်​အ​တွေးတိမ်​သွားလို့ပါ..."

"ရပါတယ်​သားjeon....မင်းလဲအခက်​အခဲ​တွေရှိခဲ့တာဆို​တော့ အန်​ကယ်​တို့နားလည်​ပါတယ်​...."

Taehyungက​တော့တစ်​ခွန်းမှ ၀င်​မ​ပြော jungkookသာ taehyung​မိဘ​တွေ​မေးသမျှ​ဖြေ​ပြောသမျှနား​ထောင်​နေခဲ့တယ်​။​နောက်​ဆုံး taehyungမိဘ​တွေနဲ့jungkookသာ နားလည်​မှုရသွားတယ်​taehyungကငြိမ်​နေတုန်း....။

"အန်​တီနဲ့အန်​ကယ်​ကိုလဲ အရမ်း​ကျေးဇူးတင်​ပါတယ်​....မပြန်​ခင်​လေး kookieကိုတက်​ကြည့်​သွားဦးမယ်​နော်​...."

"Taehyung....သား jeonကို​ခေါ်သွားလိုက်​ပါဦး....."

Taehyungနဲ့jungkookတို့အ​ပေါ်တက်​လာခဲ့ကြတယ်​။

"​ဖေ​ဖေ့သား​လေး.....အိပ်​နေပါလား....."

အခန်းထဲ​ရောက်​တာနဲ့kookie​လေးနားသွားရပ်​ပြီး ပုခက်​လေးထဲက kookie​လေးကိုနမ်းလိုက်​သည်​။

"Taehyung​ရေ....ကို ညကျရင်​ကိုယ်​ညစာစားဖို့လာ​ခေါ်မယ်​နော်​...."

"ရတယ်​.....ကျ​နော်​အိမ်​မှာဘဲစားမှာ...."

"ကို့ကိုစိတ်​ကောက်​နေတုန်းလား taehyungရဲ့....ဟမ်​?....."

Taehyungဆီ jungkook​လျှောက်​လာကာ taehyungနဖူး​ပေါ်ကျ​နေတဲ့ဆံ​ပင်​လေး​တွေကို သပ်​တင်​ပေးလိုက်​တယ်​။

𝑯𝒆𝒂𝒓𝒕 𝑯𝒖𝒏𝒕𝒆𝒓♡(Z+U)Completed♡︎Where stories live. Discover now