"Heart Hunter-24"

5.5K 410 13
                                    

(Zawgyi)

☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎

အလုပ်​ထိုင်​လုပ်​နေ​ပေမယ့်​jungkookက လုံးဝ စိတ်​နဲ့ကိုယ်​နဲ့မကပ်​ဘဲ taehyung​ဆီသာစိတ်​ရောက်​နေသည်​။စာပို့မလားဆိုပြီးဖုန်းကိုတကြည့်​ကြည့်​နဲ့ ပြီး​တေည့ ဖုန်း​ခေါ်သင့်​လားလို့​တွေးလိုက်​ခန​လောက်​ဖုန်းကိုပြန်​ချထားလိုက်​နဲ့ တစ်​ယောက်​ထဲ စိတ်​ရှုပ်​နေ​တော့တာ​ပေါ့။

​နောက်​ဆုံး​တော့ taehyungဆီကိုဖုန်းဆက်​လိုက်​တယ်​။ဒါ​ပေမယ့်​ဖုန်းမကိုင်​တာ​ကြောင့်​jungkookအ​တော်​စိတ်​ညစ်​သွားသည်​။

"ငါကိုက မှားတာ....."

ဖုန်းကိုစားပွဲ​ပေါ်ချပြီး ခုံမှာ မှီထိုင်​ကာ jungkookတစ်​ယောက်​ထပ်​တလှဲလှဲ သူ့ကိုယ်​သူအပြစ်​တင်​တော့သည်​။

တစ်​ဖက်​မှာ  taehyungက  ဖုန်းကို လျစ်​လျူရှုပြီး အိပ်​ယာ​ပေါ်​ကွေး​နေ​တော့သည်​။ခန​လောက်​ကြာ​တော့ taehyungလဲအိပ်​ပျော်​သွားခဲ့တယ်​။သူပြန်​နိုးလာ​တော့ ည၇နာရီထိုး​နေပြီ။taehyungမှာ မလှုပ်​ချင်​လောက်​အောင်​အားယုတ်​ပြီး အိပ်​ယာထဲက မထချင်​ဖြစ်​နေသည်​။

"Taehyungထမင်းစားမယ်​ဆင်းခဲ့...."

"မစားချင်​ဘူး...."

"လာပို့​ပေးရမလား...."

"မစားဘူးလို့....."

ထမင်းစားဖို့လာ​ခေါ်သည့်​အ​မေကို မစားဘူးလို့အတင်းငြင်းလွှတ်​လိုက်​တော့သည်​။taehyungအ​မေကလဲ မနက်​က ကိစ္စ​ကြောင့်​တမင်​ရှောင်​နေတယ်​ထင်​ပြီး ဘာမှဆက်​မ​ပြောဘဲ​အောက်​ပြန်​ဆင်းသွားခဲ့တယ်​။

Taehyungလဲ ဘယ်​သူနဲ့မှ မဆက်​အသွယ်​မလုပ်​နေ့နဲ့ည မှားပြီး အိပ်​နေချိန်​ကများသည်​။တဖြည်းဖြည်း ပိန်​ပြီး မျက်​ကွင်း​တောင်​ညိုလာသည်​အထိ။အရင်​နဲ့မတူဘဲ လန်းဆန်း​နေတာလဲမရှိ​တော့ဘူး။

Taehyungအ​မေနဲ့အ​ဖေ​မေးတာလဲမရ jiminနဲ့yoongiပါ အတင်း​မေးတာ​တောင်​မ​ဖြေ jungkookဖုန်းဆက်​လဲမကိုင်​အိမ်​လာလဲ ထွက်​မ​တွေ့ဘဲပြန်​လွှတ်​ခဲ့တယ်​။ထိုနည်းအတိုင်း ၂ပတ်​လောက်​ကုန်​ဆုံးခဲ့တာ​ပေါ့။

𝑯𝒆𝒂𝒓𝒕 𝑯𝒖𝒏𝒕𝒆𝒓♡(Z+U)Completed♡︎Where stories live. Discover now