"Heart Hunter-31"

5.9K 380 10
                                    

(Zawgyi)

"Kookie​လေး.....သား​လေး​ရေ.....​ဖေ​ဖေ့ကိုကြည့်​ပါဦး......"

Sofaမှာထိုင်​ရင်း taehyung coffeeခွက်​ကို ကိုင်​ကာ jungkook kookie​လေးကို ချီထားတာကြည့်​ပြီး စိတ်​ကုန်​နေ​တော့သည်​။သူ့ကိုသူ​ရော jungkookကို​ရော​ပေါ့။kookie​လေးကို နမ်းလိုက်​စကား​တွေ​ပြောလိုက်​နဲ့ jungkookဟာလဲ လုံးဝ ကို ကြည့်​ရတာ အူ​ကြောင်​ကြောင်​ဖြစ်​နေပြန်​တယ်​။

Taehyungက​တော့​ကြောင်​ကြည့်​ရင်း လက်​ရှိဘ၀မှာဘာ​တွေဖြစ်​နေမှန်းမသိ​အောင်​အထိစိတ်​လွတ်​စွာထိုင်​နေ​တော့တယ်​။

"Taehyung.....သား​လေးက taehyungငယ်​ငယ်​ကနဲ့တူတယ်​နော်​....."

ဘာမှမ​ဖြေဘဲ taehyung​ကြောင်​ကြည့်​နေပြန်​တယ်​။

"Taehyung......."

Jungkookဒုတိယအကြိမ်​ခေါ်လိုက်​မှ အသိစိတ်​ကပ်​သွား​တော့တယ်​။

"ဟမ်​-​....ရပြီ kookie​လေးကိုပြန်​ပေး​တော့....သူစိမ်းလက်​ထဲမှာအကြာကြီး မထားချင်​ဘူး....."

စိတ်​ထဲကမ​ပြောချင်​ပေမယ့်​taehyungရဲ့အကျင့်​အရ နှုတ်​က​တော့အနိုင်​ယူ​လေ့ရှိသည်​။

"မင်း-taehyung....ဒါကို့ရဲ့သား​လေ....ဘာလို့အဲ့​လောက်​ပြောရက်​ရတာလဲ....."

"​အဲ့ဒါဆို kookie​လေးက​မွေး​မွေးပြီးချင်း ခင်​ဗျားလက်​ထဲ​ရောက်​လို့လား....ဒါ​တောင်​အ​ဖေလို့​ခေါ်​နေ​သေးတယ်​"

Jungkookဘာမှဆက်​မ​ပြောဘဲ လက်​ထဲက kookie​လေးကိုသာကြည့်​နေခဲ့တယ်​။

"​ဒါနဲ့....taehyung....ကိုမနက်​စာ လုပ်​ပေးမယ်​....ဘာစားချင်​လဲ...."

"ရတယ်​အခုပြန်​မှာ....."

"​နေပါဦး taehyungရဲ့ တစ်​ရက်​လေးဘဲ​နေ​ပေးလို့မရဘူးလား...."

"တစ်​ရက်​လုံး​တော့ အချိန်​အဖြန်းနိုင်​ဘူး​နေ့လည်​အထိဘဲရမယ်​...."

Taehyungရဲ့စကားကိုနား​ထောင်​ပြီး jungkookသက်​ပျင်းချလိုက်​ကာ က​လေးကို လှည်းထဲထည့်​ပြီး မနက်​စာပြင်​ဖို့​ထမင်းစားခန်းဆီ​လျှောက်​လာခဲ့တယ်​။

Taehyungက​တော့ kookie​လေးနဲ့အတူ​ဧည့်​ခန်းထဲမှာထိုင်​နေခဲ့တယ်​။မနက်​စာပြင်းပြီးတာနဲ့ jungkookက taehyungကို ဧည့်​ခန်းအထိလာ​ပြောတယ်​။

𝑯𝒆𝒂𝒓𝒕 𝑯𝒖𝒏𝒕𝒆𝒓♡(Z+U)Completed♡︎Where stories live. Discover now