"Heart Hunter-30"

5.7K 385 11
                                    

(Zawgyi)

အခန်းထဲမှာ က​လေး ပိုက်​ပြီး လမ်း​လျှောက်​ရင်း​နေ့လည်​က ကိစ္စကိုဘဲ​တွေး​နေ​တော့တယ်​။

"Kookie​ရေ.....​အ​ဖေ​တော့ရှုး​တော့မယ်​ထင်​ပါရဲ့...."

Taehyungက kookie​လေးကို အခုလို​ပြောလိုက်​တော့ စကား​တောင်​မတက်​သေးတဲ့ kookie​လေးက ဘာလဲဆို​တဲ့အကြည့်​လေးနဲ့taehyungမျက်​နှာကိုပြူးကြည့်​နေသည်​။

ပြတင်း​ပေါက်​နားရပ်​ပြီး ခြံထဲကိုကြည့်​တာ​တွေး​နေတုန်း ဖုန်းထဲmessage၀င်​လာတာ​ကြောင့်​ပြေးကြည့်​လိုက်​တယ်​။က​လေးက တစ်​ဖက်​ဖုန်းက တစ်​ဖက်​နှင့်​....။တစ်​ည​နေလုံး​စောင့်​နေခဲ့သူ ဆီကမို့လို့​မေးဖို့အကြိမ်​ကြိမ်​စဉ်းစား​နေပြန်​တယ်​။

"Taehyung.....မနက်​ဖြန်​ကိုတို့​တွေ့နိုင်​မလား ကိုလာ​ခေါ်ပါ့မယ်​...." ဆိုတဲ့စာကို ဖတ်​လိုက်​စာအရှည်​တွေရိုက်​လိုက်​ပြန်​ဖျက်​လိုက်​နဲ့​နောက်​ဆုံး "ငါနဲ့မှမဆိုင်​တော့တာ" ဆိုသည့်​စကားနှင့်​ကုတင်​ပေါ် ဖုန်းကိုပစ်​တင်​လိုက်​တယ်​။

တစ်​ဖက်​က jungkookက​တော့ အလုပ်​လုပ်​ရင်း ဖုန်းကိုတကြည့်​ကြည့်​နှင့်​ဆေး​သောက်​ချိန်​ကျော်​သွားမှန်း​တောင်​မသိ​ချေ။အချိန်​ကိုကြည့်​ပြီး မှ​ဆေး​သောက်​ပြီး အလုပ်​ဆက်​လုပ်​နေခဲ့တယ်​။စိတ်​က​တော့ taehyungဆီမှာ​ပေါ့။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

"Taehyung.....daddy​ပြောထားတာ မှတ်​မိတယ်​မှတ်​လား kookie​လေး၂နှစ်​ပြည့်​ရင်​စပြီးအလုပ်​လုပ်​မယ်​ဆိုတာ...."

"ဟာဗျာ.....daddyက​တော့​နောက်​ပြီ အခုမှ ၃လ​တောင်​မပြည့်​သေးတာကို...."

"မင်းက​မေ့တက်​တယ်​နေ့တိုင်းသတိ​ပေးမှရမှာ....."

အလုပ်​မသွားခင်​taehyungအ​ဖေ က သူ့​မြေးကို ကြည့်​ပြီးမှ အလုပ်​သွားသည်​။​kookie​လေး က အဖွား​ရောအဖိုး​ရောချစ်​တာ​တော့​တော်​တော်​ခံရသည်​။taehyungက သာ ၂လ​ကျော်​က​လေးကို သူငယ်​ချင်း​ပေါင်း​ပေါင်းဖို့လုပ်​နေတာ....။

မနက်​စာစား​နေတဲ့ taehyungအ​ရှေ့မှာထိုင်​ပြီး taehyungအ​မေ kookie​လေးကိုနို့ဘူးတိုက်​နေသည်​။jinဆီက jungkookနဲ့taehyungအ​ခြေအ​နေကိုပြန်​ကြားထားတာ​ကြောင့်​နားချဖို့ စဉ်းစား​တော့သည်​။

𝑯𝒆𝒂𝒓𝒕 𝑯𝒖𝒏𝒕𝒆𝒓♡(Z+U)Completed♡︎Where stories live. Discover now