Part(18)

98 7 0
                                    

အလင်း"အမေ..."

အဝတ်တွေကိုခေါက်နေရာမှ...အမေကလှမ်းထူးတယ်...

အမေ"လာလေ...သား"

အလင်း"အမေကိုပြောစရာရှိလို့..အမေ..."

အမေ"အော်...ဘာများလဲလို့ကွယ်...ပြောစေ...အမေသားပြောသမျှအမေနားထောင်ပေးမယ်"

အမေခါးကိုကလေးတစ်ယောက်ကဲ့သို့ဖက်ပြီး....သူပြောချင်တာများကိုစဉ်းစားနေသည်...အင်း..ငါသားလေးကအရွယ်က..သာကြီးလာတယ်...စိတ်လေးကကလေးစိတ်လေးပဲကိုး.....

အလင်း"ဟို..ဟာလေ..အမေ...သားရဲ့အချစ်ရေးကိစ္စတွေကြရင်လေ...အမေမကြိုက်ခဲ့သည်ရှိသော်...ပိတ်ပင်မှာလားဟင်"

အမေ"အော်..သားရယ်...သားရဲ့အချစ်ရေးမှာလေအမေဘာမှမဝင်စွတ်ဖတ်လိုပါဘူးကွယ်...သားကဒီလူကိုချစ်မှအဆင်ပြေမယ်ဆိုလည်း...အမေကသားပျော်တာမြင်ချင်တာလေကွယ်...သားပျော်မယ်ဆိုရင်...ဘာမဆိုခွင့်ပြုပေးမှာ...ဘာအတားအဆီးနဲ့မှသားကို...အမေကမပိတ်ပင်လိုပါဘူးကွယ်"

အလင်း"ပြီးတော့လေအမေ...အမေလည်းကြားဘူးမှာပေါ့LGBTဆိုတာကို...အမေဘယ်လိုမြင်လဲဟင်...သားကသာအဲ့လိုချစ်မိသွားခဲ့ရင်ကော.."

အမေ"ဟင်း...အမေသိပါတယ်လိင်တူချင်းချစ်တယ်ဆိုတာကို...အမေကတော့ကန့်လည့်မကန့်ကွက်သလို..အားပေးနေသူလည်းမဟုတ်ဘူး...ဒါပေမဲ့..အမေသားလေးကသူတို့ထဲကတစ်ယောက်ဆိုရင်...အရင်ဆုံးမိဘကို..ကိုယ်အကြောင်းကိုပွင့်ပွင့်လင်းလင်းတိုင်ပင်လေသား...မိဘဆိုတာ...ကိုယ့်သားသမီးတွေ..ပျော်နေတာ..ကောင်းစားနေတာကိုပဲမြင်ချင်နေတဲ့သူမျိုးလေ..သားကိုလွတ်လပ်သလိုလုပ်ခွင့်ပေးပါတယ်...သားလွတ်လပ်တယ်ပျော်တယ်ဆိုတဲ့အရာမှန်သမျှအမေအားပေးပါတယ်...ဒါပေမဲ့မကောင်းတဲ့လမ်းကိုသွားခဲ့သော်...အမေကတော့မိဘပီပီ..တားမြစ်သင့်...တားမြစ်...ဆုံးမသင့်ရင်...ဆုံးမရမှာပေါ့...ဒါပေမဲ့သား..သားချစ်တဲ့သူကလည်းသားကိုသစ္စာရှိပြီးချစ်ပေးနိုင်မှအမေသဘောတူမယ်...သားဘက်ကသာတစ်ဖက်သတ်ခံစားပြီးချစ်နေမယ်...သူဘက်ကတော့သားကိုမချစ်ဘူးဆိုရင်...အမေခွင့်မပြုနိုင်ဘူးသား...အမေကသားကိုသားချစ်တဲ့သူတွေနဲ့ပျော်နေတာကိုမြင်ချင်တယ်သား....သားနားလည်တယ်မလား"

Accident(Completed){Season 1}Where stories live. Discover now