Part(13) [Unicode]

81 8 0
                                    

ခင်ဗျားကိုချစ်တယ်ဆိုတာ...ဘာပကာသနမှမပါဘဲနက်ခင်ဗျားတယောက်ထဲကိုပဲစွဲနေအောင်ချစ်မိနေတာပါဗျာ......

ဒီလိုနဲ့နေ့တစ်နေ့ဟာဘာမှန်းမသိဘဲနဲ့ကိုအကုန်မြန်သွားခဲ့ပါတယ်...ထိုနေ့တစ်နေ့မှာကိုဘဲ....ကောင်လေးနှစ်ယောက်ရဲ့ဖြစ်ပေါ်လာတဲ့အချစ်ဟာလည်း...တစ်နေ့တစ်နေ့တိုးလာခဲ့ပါတယ်....

သောကြာနေ့မနက်...ကျောင်းတွင်...

ဆရာမ"ဒီနေ့ပျက်ကွက်ဘယ်သူရှိလဲ...."

ကျောင်းသားများ"ဆရာမ...ဒီနေ့မော်နီတာမလာပါဘူး..."

ဆရာမ"ထွန်းလင်းဦး...မလာဘူးလား...မင်းတို့ထဲတယောက်ကိုသူခွင့်တိုင်ခိုင်းထားသေးလား"

ကျောင်းသားများ"ဘယ်သူမှမတိုင်ခိုင်းလိုက်ပါဘူး...ဆရာမ"

ဆရာမ"ဟေ..ဟုတ္လား..အဲ့ဒါဆို..သူ ့အိမ်ကိုဖုန်းဆက်ကြည့်မှာပါ...ငြိမ်ငြိမ်နေကြအုန်း...ငါဖုန်းသွားဆက်မလို့"

ဆရာမဖုန်းသွားဆက်နေစဉ်အတွင်းမှာတင်...အလင်းတယောက်စိတ်တွေဟာဂနာမငြိမ်...ဟာဗ်ာ..ခင်ဗျားကြီးကျတော်ကိုစတ်ပူပြီးသေစေချင်နေလားမသိဘူး...ကျောင်းမတက်ဘူးဆို့လည်းခွင့်တိုင်ခိုင်းထားပေါ....နောက်ဆုံးကြတော့ကျတော်ကပဲစိတ်ပူစမြဲပဲ..ခင်ဗျားနဲ့ပက်သက်တိုင်း...ထိုစဉ်..

ဆရာမ"ထွန်းလင်းဦး... အမေကပြောတယ်..သူ့သားနေမကောင်းလို့မလာဖြစ်တာတဲ့...ဒါဆိုပျက်တဲ့သူမရှိဘူးပေါ့..အဲ့တာဆိုစာအုပ်ထုတ်ကြ...စာစသင်မယ်...စာမျက်နာှpg......."

ဆရာမရှေ့ကစာသင်...ကျတော်ကတပည့်ပီသစွာနဲ့တွေးချင်ရာတွေတွေးနေလိုက်...အဆင်တွေကိုပြေနေလိုက်ကြတာ....

မဖြစ်သေးပါဘူး...ခင်ဗျားကိုထိုင်စိတ်ပူနေရမယ့်အစား...ခင်ဗျားကိုပဲ..လာတွေ့ကြည့်လိုက်ပါ့မယ်...အယ်..သူ့အိမ်မှငါမသိတာ...ဆရာမစီကတောင်းသွားလိုက်မှာပေါ့...ဘာခက်တာမှတ်လို့....

ဆရာမစာသင်လို့အပြီးအတန်းမှအထွက်...
"ဆရာမ...ရေ..ဆရာမ!!!"

ဆရာမ"လင်းရောင်ခြည်... ဘာဖြစ်တာတုန်းကွယ်...အလန့်တကြား"

အလင်း"ဟို...ဆရာမ..ဟိုထွန်းလင်းဦးရဲ့အိမ်လိပ်စာလေးကျတော်ကိုပြောပြပေးပါလား..ဆရာမ"

Accident(Completed){Season 1}Where stories live. Discover now