သူငယ်ချင်းတွေစုပြီးစကားများနေစဉ်...
ယု"ဟို..လင်းရောင်ခြည်လား..ကိုတွေ့မိလားမသိဘူး"မိုး"သူ..ဆရာမခိုင်းထားတာသွားလုပ်နေတယ်... ဘာပြောစရာရှိလို့လဲ...ငါတို့ကိုပြောထားလို့ရပါတယ်... ငါတို့ပြန်ပြောပေးမယ်လေ"
ယု"ဟို..အားနာစရာကြီး...ရပါတယ်..ကျမသူလာတာကိုပဲစောင့်နေလိုက်ပါမယ်..."
မိုး"အော်..အင်းအင်း"
မိုး...ဟွန့်...အစစ်မကငါတို့အလင်းကိုဘာပြောစရာရှိလို့ပါလိမ့်..ငါတို့ကိုတောင်ပြောလို့မရဘူးဆိုတော့...လူကလည်းပဲတစ်ပိသာပိနေတဲ့ရုပ်...ဆံပင်ကလည်း..ဘယ်လိုတွေလုပ်ထားမှန်းမသိ...ကလစ်တွေလျှောက်တပ်ထားတယ်..ဟွန့်..ငါတို့လောက်များမလှပဲနဲ့...(😁)
ထိုအချိန်တွင်... အလင်းတစ်ယောက်အခန်းထဲသို့ဝင်လာ၍...မျက်စိကအလိုလိုရှာပြီးသားပဲသူ့ကို...စာလုပ်နေတယ်....ခုနကဆရာအစာသင်နေလို့သေချာလှည့်မကြည့်လိုက်ရဘူး...ခုမှပဲ...ဟင်း...
သူရ"ဟျောင့်..."
အလင်း"ဘာလဲ..."
သူရ"ဟိုမှာမင်းကိုယုဘာဆိုလားနာမည်က..အဲ့ကောင်မလေးကမင်းကိုတွေ့ချင်လို့စောင့်နေတယ်"
အလင်း"ဟေ...အေး...ကျေးဇူးပဲ"
ထို့နောက်ယု..ရှိရာနေရာသို့ရောက်လာ၍...
ယု"အော်..လင်းရောင်ခြည်..."
အလင်း"ဟုတ်..ဘာကိစ္စများရှိလို့လဲဗျ"
ယု"ဟိုလေ..ဘာကိစ္စမှတော့မဟုတ်ပါဘူး...ကျမလင်းရောင်ခြည်သူငယ်ချင်းများဖြစ်လို့ရမလား"
အလင်း"ဗျာ..."
ယု"မရဘူးလားဟင်..."
အလင်း"မဟုတ်တာ..ကျတော်ကခင်တတ်ပါတယ်...ရုတ်တရက်ဆိုတော့ကြောင်သွားလို့ပါ..."
ယု"ကျမက..မရတော့ဘူးလားလို့...ရှင်ကတော်တော်နောက်တတ်တာပဲနော်.."
အလင်း"ဒီလိုပါပဲဗျာ...ဟဲ..ဟဲ"
အပြုံး..ဒီအပြုံးလေးတွေကကျမအတွက်များလား...ရှင်ရီလိုက်ရင်...သိပ်ချစ်ဖို့ကောင်းတာပဲ...ကျမတစ်ယောက်ထဲအတွက်ပဲပြုံးပေးလို့ရမလား....
YOU ARE READING
Accident(Completed){Season 1}
Romanceငါတို့မတွေ့ဆုံဖြစ်ခဲ့ကြရင်ကောင်းမယ်။ (အထက်တန်း)(အလယ်တန်း)ကျောင်းသူ ကျောင်းသား ဘဝကိုပေါ့ပေါ့ပါးပါးရေးဖွဲ့ထားတဲ့ ficတစ်ပုဒ်ဖြစ်ပါတယ် ❣ ထွန်းလင်းဦး❣ ❣ လင်းရောင်ခြည်❣ Fic Cover By.#Tia ငါတို႔မေတြ...