ပြန်လည်နမ်းရှိုက်ခွင့် (သျှီ)

113 8 0
                                    

အပိုင်း ၅

နေရှိန်းခ

သူမကို ချစ်ရတာ စိတ်ချမ်းသာရတယ်.. ကျွန်တော်ရဲ့ ခံစားမှုသက်သက်သာ ဖြစ်နိုင်ပါတယ်.. သူမက အမြဲပြုံးရယ်နေတတ်ပြီး.. ကျွန်တော်ကို မပင်ပန်းစေဘူး..

အကြိုက်ဆုံးအချက်က လောဘကြီးပြီး.. ပွင့်လင်းတယ်.. ထက်မြတ်တယ်.. အခုလည်း အမေကို ကပ်ပြီး ပြုစုပေးနေတယ်..

အမေက ဘညလို့ သူမကို သဘောမကျလည်း မပြောပြတတ်အောင် ဘဲ.. အိပ်နေတဲ့အမေကို နှိပ်ပေးနေတယ်.. သူစားဖို့လည်း ချက်ပြုတ်ပေးတယ်..

"ကျွတ်..ကျွတ်.."

"အမေနိုးပြီးလား.."

"နင်.. နင် ဘယ်လိုလုပ် ငါအိမ်ရောက်နေတာလဲ.. ထွက်သွား.."

"အမေ ဘယ်လိုပြောလိုက်တာလဲ.. ဂျူလိုင်က စိတ်ပူလို့လာတာ.. "

"မင်း.. ဘာမှ သူဘက်က လိုက်ပြောစရာမလိုဘူး.. နင်လည်း ငါကို စိတ်ပူဖို့ မလိုဘူး.."

"အန်တီ.. ဂျူလိုင်က.."

"နင်ဘာမှမပြောနဲ့.. နင့်အသံလည်း မကြားချင်ဘူး.. မြင်လည်းမမြင်ချင်ဘူး.. လူလိမ်မ.. နင် ငါ့သားကိုဘဲ လိမ်ရမယ်.. ငါ့ကို မရဘူး.. ထွက်သွားအခု.."

"အမေ.. အမေဘယ်လိုဖြစ်နေတာလဲ.. အမေဖို့ စွတ်ပြုတ်တောင် ချက်ထားပေးတာ.."

"ငါ ဘာမှမသောက်ဘူး.. သျှီ.. သျှီရေ.."

"ဗျာ..မေမေကြီး.."

"လာ.. ကုတင်ပေါ်တတ်.."

"ဟုတ်.."

"ဒီမှာ နင်သိဖို့ ပြောထားမယ်.. ဒါ ငါ့ရဲ့သား.. တစ်ချိန်မှာ ရှိန်းနဲ့ လက်ထပ်မဲ့သူ.."

"ဟားဟား.. အန်တီ နောက်နေတာလား.. သူက ယောကျာ်းလေးလေ.. ဘယ်လိုလုပ်.."

"အခုခေတ်မှာ ဒီလိုဘဲ ယူနေကြတာ.. ငါ့အတွက် သျှီသာလျှင်.. ငါ့သားလက်ထပ်မဲ့သူ ဖြစ်ရမယ်.."

"ဒါ အန်တီအကြံ အကုန်လား.. ဘာလို့လဲ.. ဂျူလိုင်က ဘာဖြစ်နေလို့လဲ.."

"နင်ဖြစ်နေလို့ကို.. မရတာ.. နင်ခြေလှမ်းတွေ ဘယ်လှမ်းတယ်ဆိုတာ ငါအကုန်သိတယ်.."

"အဲဒါက အန်တီ သင်ပေးခဲ့တာဘဲ.."

"ဘာ.. နင့်စကားကို တောက် အရှက်မရှိ.. နင့်..နင့်.."

ပြန်လည်နမ်းရှိုက်ခွင့် သျှီ )Where stories live. Discover now