ပြန်လည်နမ်းရှိုက်ခွင့် (သျှီ)

106 8 0
                                    

အပိုင်း ၁၂

ဂျူလိုင်မေ

မနက် အလုပ်ကို ရောက်ဆို စိတ်မပါဘူး ဖြစ်နေခဲ့တယ် .. ညက မြင်ကွင်းတွေကြောင့်ပေါ့ သူတို့ ရန်ဖြစ်နေတာကို အသံမကြားရပေမဲ့ မြင်နေခဲ့တယ်.. ကို့က ဟိုကောင်လေးကို တွန်းလိုက်တာ..

ဟိုကောင်လေး ထွက်ပြေးလို့ သူလိုက်သွားပြီး ခဏနေတော့ ထိုကကလေးကို ကုန်းပိုပြီး ပြန်လာတော့ ဆုံးဖြတ်ချက် အချို့ကို ချလိုက်မိတယ်.. မဟုတ်ရင် ကျွန်မ ကို့ကိုရော အရာအားလုံးကို ဆုံးရှုံးရလိမ့်မယ်..

ဘယ်သူဆီမှ အပါမခံနိုင်ဘူး ဒီဟာတွေအတွက် ၇ နှစ် သည်းခံလာခဲ့ရတာ တကယ်ချစ်ရသူကိုလည်း ပိုက်ဆံအတွက် နင်းချေလာခဲ့တာ.. ဒီပေးဆပ်မှုတွေအတွက် ပြန်မရရက် ရှုံးမှာပေါ့ ဘယ်တော့မှ အဖြစ်မခံနိုင်ဘူး..

ညတာရှည်ပြီး အိပ်မပျော်တဲ့ ညဖြစ်ခဲ့တယ် စဉ်းစားတွေးတောရင်း မနက်ရောက်သွားတယ်.. အိပ်ရေးမဝလို့ ခေါင်းမူးပြီး အလုပ်မလုပ်နိုင်လို့ အိမ်ပြန်လာခဲ့တယ်..

တံခါးကြီး ပွင့်နေပေမယ် ဧည့်ခန်းမှာ လူမရှိတာကြောင့် မီးဖိုထဲဝင်ကြည့်တော့ အကြည်စိုက်နေတဲ့ သူတို့ကြိ တွေ့တော့ ဒေါသ အရမ်းထွက်မိတယ် အသံမပေးဘဲ အခန်းထဲ ပြန်နေခဲ့တယ်..

ဘောင်းဘီတိုနဲ့ ကို့ကို မြူဆွယ်နေတာတွေကို မြင်ရပြန်တယ်.. သည်းခံရင်းဘဲ သူထွက်သွားအောင်ထိ စောင့်လိုက်တယ်.. သူအထွက်ဆို ဒေါ်ခခမေ ဝင်လာတယ်..

ထိုကလေးနဲ့ ရယ်မောပြီး သူ့အခန်းထဲ ဝင်သွားတာကြောင့် ကျွန်မ လိုက်ဝင်ဖို့ ပြင်လိုက်တယ်.. ဟိုကလေးလည်း ခြံအပြင်ထွက်သွားတော့ ကွက်တိဖြစ်သွားခဲ့တယ်..

"နင်.. နင် ငါ့အခန်းထဲ ဘာလို့ ဝင်လာတာလဲ.."

"ခင်ဗျားကြီး သိနေတယ်မလား.."

"ဘာကိုလဲ ဂျူလိုင်မေ နင်ဘာကို ပြောချင်တာလဲ.."

"အချိန်ကြာလာရင် ကို့က ဟိုကောင်လေးကို ကြွေလာမှာကိုလေ စိတ်ယိုင်လာမှာကိုပေါ့.."

"ဒါပေါ့ ဖြူစင်လွန်းတဲ့ ကလေးတစ်ယောက်ရဲ့ အပြုအမူနဲ့ သူ့အချစ်တွေက လူတစ်ယောက်တင်မကဘူး လူတိုင်းကို ဆွဲဆောင်နိုင်လိမ့်မယ်.. "

ပြန်လည်နမ်းရှိုက်ခွင့် သျှီ )Where stories live. Discover now