အပိုင်း ၁၈
နိုင်း
ကျွန်တော့်ဘဝကလည်း အလင်းပျောက်ဆုံးနေသလိုဘဲ ဘယ်သူကိုမှ မျက်လုံးထဲ မမြင်ရလောက်တဲ့အထိ မှောင်မိုက်လွန်းတယ်.. ဒါပေမဲ့ သူ့ရဲ့ အပြုံးလေးက နေရောင်ခြည်လေးလို တောက်ပနေတယ်..
ကျွန်တော်ဘဝက ရတာမလို လိုတာ မရ ချစ်မိပါတယ်ဆိုတဲ့ သူမှာ ကျွန်တော့်အချစ်ထက် ပိုတဲ့ အချစ်နဲ့ တစ်စုံတစ်ယောက်ကို ချစ်မိနေတယ်ဗျ..
အဲ့လူက ကျွန်တော်မဟုတ်သလို သူကို လှည့်မကြည့်တတ်တဲ့ သူတစ်ယောက်.. သူအဆင်ပြေတယ်ဆိုရင်ဘဲ ကျေနပ်နေပြီမို့ ဘာမှမတောင်းဆိုခဲ့ဘူး..
အခုလည်း သူကို ရွာထိ သွားခေါ်ဖို့ အချိန်က ၆နာရီ ခွဲနေပြီမို့ အမြန်မောင်းလာခဲ့တယ်.. နည်းနည်း ဝေးတာမို့ စိတ်အရမ်းပူမိတယ် ၈နာရီ မထိုးခင် သူပြောတဲ့ ရွာကို ရောက်လာခဲ့တယ်..
ရွာထိပ်မှာ မီးလေးထိုးပြီး ဘေးမှာ သူကိုစောင့်ပေးတဲ့ ရွားသားနဲ့ ကလေးတစ်ယောက်သာ ရှိတယ်..
"သျှီ.."
"နိုင်း.."
သူရဲ့ အားကိုတကြီးနဲ့ ပွေ့ဖက်မှုကို လက်ခံလိုက်တဲ့အချိန် ပူလောင်လိုက်တဲ့ မီး နှလုံးသားကို လောင်မြိုက်စေတယ်..
"ဘာဖြစ်တာလဲ.. ပြောပါဦး ကိုယ်ကို တစ်ခုခုပြောပါ သျှီ.."
"အကို လူရောက်ပြီဆိုတော့ ကျွန်တော်တို့ ပြန်မယ်.."
"ဟုတ် သူကို စောင့်ပေးလို့ ကျေးဇူးပါ.."
"ရပါတယ်ဗျ.."
ကျွန်တော်ကဘဲ နှုတ်ဆက်လိုက်တယ်.. သူကတော့ တစ်စုံတစ်ခုကို ကြောက်လန့်နေပုံဘဲ ဘာမှမေးမရပေမဲ့ သူရဲ့ မျက်လုံးပြာပြာလေးမှာ အထင်းသားပေါ်နေခဲ့တယ်..
"သူနဲ့ တစ်ခုခု ဖြစ်တာလား.. သူက မင်းကို ဒီမှာ ထားခဲ့တာလား.."
"မဟုတ်ဘူး.. သူက အရေးကြီး ကိစ္စ"
"တော်ပါတော့ သျှီ ကိုယ်သိပြီးသားပါ မင်းဆီက သူကို ကာကွယ်တဲ့စကားတွေ ကိုယ်မယုံဘူး မင်းစကားတွေကို ကိုယ်က ဘာမှသိခွင့်မရှိဘူးလား.."
YOU ARE READING
ပြန်လည်နမ်းရှိုက်ခွင့် သျှီ )
General Fictionတဖတ်သတ် အချစ်လေးပေါ့ အရမ်းကြိုက်ရတဲ့ fic လေးပါ real love lgbt က မင်မင်လည်း တင်ထားပါတယ်နော် wp link တောင်းကြလို့ပါ 😇🙂