ပြန်လည်နမ်းရှိုက်ခွင့် (သျှီ)

110 7 0
                                    

အပိုင်း ၁၄

နေရှိန်းခ

ညက စိတ်ညစ်ညစ်နဲ့ သောက်နေမိခဲ့တယ်.. သူဆီက ဂရုစိုက်မှုနဲ့ အချစ်တွေဘဲ ရခဲ့တာမို့ ဥပက္ခာနဲ့ ကျောခိုင်းသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး..

ဒါကြောင့် အရမ်းဆိုးခဲ့မိတယ် သူမရှိဘူးလို့ တွေးမိရင် အိမ်ကို မပြန်ချင်ဘူး.. သူ ကျွန်တော်ကို မချစ်တော့ဘူးလို့ စဉ်းစားမိရင် နာကျင်တယ်.. 

သူကို မချစ်ဘူးလို့ ခေါင်းမာနေတဲ့ နှလုံးသားက လိမ်လို့မရဘူး သူမရှိလို့ မဖြစ်ဘူးလို့ တွေးမိလာတယ်.. သောက်ရင်း သောက်ရင်း အတော်ကြာတော့ မှောက်သွားတယ် ..

ခေါင်းတဆစ်ဆစ်ကိုက်ပြီး နိုးလာတဲ့အချိန် ကျွန်တော် ဘေးမှာ ဂျူလိုင်ရှိနေတာကြောင့် လန့်ပြီး ထလိုက်တယ်..

"ဂျူလိုင်.."

"ကို့ကလည်း အဲ့လောက် လန့်စရာလိုလို့လား.."

"ညက ဘာဖြစ်တာလဲ.. မဟုတ်သေးဘူး ကိုယ်ဒီကို ဘယ်လိုရောက်နေတာလဲ.."

"ဪ ကိုကို့ဖုန်းကို ဆက်တာ မကိုင်ဘူးလေ.. နောက်ကျတော့ စာပွဲထိုး ဖုန်းကိုင်ပြီး ပြောလို့ သိပြီး လိုက်လာတာ.."

"ဘယ်အချိန်လောက်လဲ.."

"ည ၁၁လောက်.."

"နေပါဦး အဲ့ဆိုင်က ၂၄နာရီ ဖွင့်တာမလား.. ဘာလို့ ကိုယ်ကို ခေါ်လာတာလဲ.."

"ဪ ဒါကတော့ ကို့က မူးပြီး မှောက်နေပြီလေ.. အာ့ကြောင့်.."

"ဒါဆိုလည်း အိမ်ကို မဟုတ်ရင် ဟိုတယ်တစ်ခုခု ပို့ခဲ့လိုက်ပေါ့.."

"ကို့ ဘာဖြစ်နေတာလဲ.."

"မင်းလုပ်တာကို နားမလည်နိုင်ဖြစ်နေတာ.. "

"မဟုတ်သေးဘူး ကို့က အခု ဂျူလိုင်ကို အပြစ်တင်နေတာလား.."

"ထားလိုက်တော့..  ငါပြန်တော့မယ်.."

"မနက်စာ"

"တော်ပြီ.."

ကျွန်တော် အတင်းထွက်လာခဲ့တယ်..  သူငို အနည်းငယ် အထင်သေးသွားမိတယ် အရမ်းကို မာနကြီးတဲ့ သူက လက်ထပ်ပြီးသား ယောကျာ်းတစ်ယောက်ကို သူ့အခန်းဆီ ခေါ်သွားတဲ့အတွက်ပေါ့..

ပြန်လည်နမ်းရှိုက်ခွင့် သျှီ )Where stories live. Discover now