ပြန်လည်နမ်းရှိုက်ခွင့် (သျှီ)

116 8 0
                                    

အပိုင်း ၁၀

နိုင်း

သူရဲ့ ကြေကွဲရိပ်သန်းနေတဲ့ ခေါ်သံလေးက ကျွန်တော်ကို ရူးခါစေတယ်.. စိတ်ပူတာထက်ပိုတဲ့ ကျွန်တော်စိတ်ကို ရှုပ်သွားစေတယ်..

သူခေါ်ဆို အမြန်ထွက်လာခဲ့တယ် အဖေတားနေတဲ့ကြားကဘဲ သူဆီကို ရောက်လာခဲ့တယ်.. မိုးစက်တွေကြားက ပြေးထွက်လာတဲ့ သူကို ငေးကြည့်နေမိတယ်..

"ထီးလေး ဘာလေး ယူခဲ့တာ မဟုတ်ဘူး.. ဘာတွေဖြစ်လို့လဲ.."

"သျှီကို ဘာမှမမေးပါနဲ့.. သျှီ မဖြေချင်ဘူး.."

"အင်းပါ.. တတ်.."

ကျွန်တော် ဘာမှဆက်မမေးခဲ့ဘူး ခါးကို ဖက်ပြီး လိုက်လာတဲ့ သူကြောင့် အရမ်းပျော်နေမိတယ်.. မိုးရေထဲမှာ ကျောကိုမှီနေတဲ့ သူက တသိမ့်သိမ့်နဲ့ ရှိုက်လာခဲ့တယ် ကျွန်တော်သိလိုက်တယ် သူငိုနေတာကိုပေါ့..

"သျှီ.."

"နိုင်း.. သျှီကို မမေးနဲ့ လှည့်လည်း မကြည့်နဲ့.."

"အင်း မမေးဘူး .. အားရပါးရ ငို ဘယ်သူမှ မမြင်ဘူး ဘယ်သူမှ မကြားရဘူး.."
...

"အားရပါးရ အော်ဟစ်ငိုပစ်လိုက်.."

"ဦးရှိန်း သျှီ ခင်ဗျားကို ချစ်တယ် .. ကြားလား ချစ်တယ်လို့.."

သူရဲ့ ဒေါသတွေ ဝမ်းနည်းမှု မျက်ရည်တွေထက်စာရင် အဲဒီအသံက ပိုပြီး ကောင်းပါတယ်.. ကျွန်တော် ပင်ပန်းတာထက် သူ့မျက်ရည်တွေ မြင်ရတာ နာကျင်ရတယ်..

ရူးပါတယ် သူနဲ့ပတ်သတ်ရင် ဒီထက်ပိုဆိုးပါတယ်.. နားမလည်နိုင်လောက်အောင်ဘဲ.. မိုးရေတွေလို စိုရွဲနေခဲ့ပြီ..

"နိုင်း ဒီနားမှာ ခဏရပ်ရအောင်.."

ရေကန်ကျယ်ကြီး တစ်ခုဘေးမှာ ရပ်လိုက်တယ်.. ကန်ဘောင်ပေါ် ထိုင်ပြီး ကျလာတဲ့ ရေစက်တွေကို ခံယူရင်း ကျွန်တော် ပုခုံးပေါ် မှီနေတဲ့ သူကို ငေးကြည့်နေမိတယ်..

"သျှီ ပင်ပန်းနေပြီ နိုင်းရယ်.."

"ဒါဆို စိတ်ညစ်ရတဲ့ အလုပ်ကို မလုပ်နဲ့ပေါ့.. မင်းပင်ပန်းရင် ကိုယ့်နာကျင်ရတယ်.."

ပြန်လည်နမ်းရှိုက်ခွင့် သျှီ )Where stories live. Discover now