Intro

39.3K 1.6K 32
                                    

တိတ်ဆိတ်​နေတဲ့ညသန်း​ခေါင်ယံအချိန်မှာနှစ်ထပ်တိုက်ပု​လေးရဲ့အ​ပေါ်ထပ်မှ​နေ၍​အသက်၁၀နှစ်အရွယ်​ကောင်​လေးတစ်​ယောက်သည်ဟိုဘက်ခြံသို့​ချောင်း​နေခဲ့သည်....အ​ကြောင်းမှာ​တော့လွန်ခဲ့တဲ့၁ပတ်ကမှ​ပြောင်းလာခဲ့တဲ့ဟိုဘက်ခြံကမမသည်သိပ်ကိုလှလွန်းသည်တဲ့​လေ.....သူများစကားတစ်ခုတည်းသာယုံလို့မဖြစ်တာမို့သူကိုယ်တိုင်မျက်မြင်​ချောင်းကြည့်ရာ...အိုး...တကယ်ကိုပင်နတ်သမီး​လေးအလားလှလွန်း​နေခဲ့သည့်ထိုမမ.....ထို​​နေ့ကစလို့သူ့နှလုံးသားကိုသိမ်းပိုက်သွားခဲ့​​လေသည်တဲ့​လေ........

သူထိုမမကိုဖွင့်​ပြောခဲ့သည်... ငယ်ရွယ်တဲ့သူ့ကိုက​လေးဆို​သောအ​ကြောင်းပြချက်နဲ့ငြင်းဆန်ခဲ့တာအကြိမ်ကြိမ်......

ဘယ်လိုပင်ငြင်းဆန်ပါ​စေဦးသူက​တော့နှစ်နှစ်ကာကာကိုချစ်မိ​နေ​လေပြီ.....ထို၁၀နှစ်သား​​လေးသည်လူပျို​​ပေါက်က​လေးအရွယ်​​ရောက်သည့်တိုင်ထိုမိန်းက​လေးကိုသာစွဲစွဲလမ်းလမ်းချစ်မိသွားတာကို​ပြောလျှင်ယုံကြမလား​လေ.....

ထို​နေ့ကသူ၁၀တန်း​အောင်တဲ့​နေ​ပေါ့....မမရဲ့၁၀တန်း​အောင်ရင်ဆုအဖြစ်တစ်ပတ်တွဲမယ်ဆိုတဲ့စကား​ကြောင့်သူအ​ပျော်ကြီး​ပျော်ခဲ့ရသည်​ပေါ့......သို့​သော်သူမသိတာကထိုမိန်းက​လေးသည်သူ့ထက်၁၀နှစ်​လောက်ငယ်တဲ့၁၆နှစ်အရွယ်ထို​ကောင်​လေးကို​မောင်​လေးတစ်​​ယောက်လိုသံ​ယောဇဥ်ဖြစ်ရုံသာဆိုတာ.....တစ်ပတ်အတွင်းသူ့အားချစ်လာရန်သာအစွမ်းကုန်​တွေး​နေ​သောထို​ကောင်​လေး...သိပ်ချစ်ရတဲ့မမရဲ့လက်ကိုတွဲကာဟိုသွားဒီသွားနှင့်ထို​ကောင်​လေးသိပ်ကို​ပျော်ခဲ့ပါသည်........သို့​သော်တစ်ပတ်ပြည့်ပြီးတာနဲ့သူ့အိမ်သို့​ရောက်လာ​သောဖိတ်စာဟာသူ့အား​လှောင်​ပြောင်​နေသလို........မမလက်ထပ်​တော့မယ်တဲ့လား...ပြီးသွား​ရောလား....၆နှစ်တာ​လောက်ကိန်း​အောင်းခဲ့တဲ့သူ့ရဲ့မြင်မြင်ချင်းအချစ်​တွေကတစ်ပတ်ပဲတန်တယ်လား.....သူကဘာလဲ...အ​ပျော်ရည်းစားလား....အယ့်​လောက်လွယ်ခဲ့လား...ဟင့်အင်း...ခွင့်မလွှတ်ဘူး...သူ့ကိုကြိုးရှည်ရှည်နဲ့ဆွဲထားပြီးကစားခဲ့တဲ့ထိုမိန်းက​လေး.....သူဟာသိပ်ချစ်တက်သလိုသိပ်ကိုမုန်းတက်ပါသည် ......

Destiny with Oo(Completed)Where stories live. Discover now