//Part18//

11.3K 1K 93
                                    

မိုးလင်းမျက်လုံးနှစ်လုံးပွင့်လိုက်တာနဲ့မင်းခန့်နဲ့ရှင်းညီမှာငယ်နဲ့ခတို့ရှိရာအရပ်သို့​ရောက်​နေ​လေပြီ။ညအိပ်ဝတ်စုံ​လေး​တွေနဲ့ယုန်​ခေါင်းစွပ်​လေး​တွေနဲ့​ပြေးဆင်းလာကြတဲ့က​လေး​လေး​တွေကိုမြင်​​တော့အရင်ကပိုးပန်းခဲ့တဲ့အချိန်​လေး​တွေ​တောင်သတိရမိသွားခဲ့ကြ​သေးသည်။သူတို့ကိုမြင်သည်နှင့်က​လေးနှစ်​ယောက်မှာမျက်နှာ​လေး​တွေကွပ်ခနဲပျက်သွားကြ​လေသည်.....

"သားကြီးနဲ့သားငယ်...နိုးပြီလား"

"ဟုတ်​ဖေ​ဖေ"

"ဒီမှာရှင်...ရှင်တို့​လေး​တွေရဲ့ပိုင်ရှင်​တွေကလာပြန်​ခေါ်​နေပြီ...ကဲကဲသဲသဲတို့​ရေ"

​ဒေါ်လင်းရူပါမှာမင်းခန့်နှင့်ရှင်းညီကိုမျက်စပစ်၍ခနှင့်ငယ်ကိုစ​လေသည်.....

"ငယ်တို့အိမ်မှာ​နေဦးမယ်​လေ​မေ​မေရဲ့"

"​နေပါ​မေ​မေက​ပေး​နေတယ်...သားတို့လူကြီး​တွေပဲမ​နေခိုင်းတာ...."

​ဒေါ်လင်းရူပါသည်ရယ်လျက်​ပြော​တော့ခင်ပွန်းဖြစ်သူကပါမနိုင်ဘူးဆိုသည့်ပုံနှင့်​ခေါ်င်းခါ​လေသည်.....

"ကဲ​ဖေ​ဖေက​တော့အလုပ်သွား​တော့မယ်...မိန်းမလည်းကိုယ်နဲ့​centreတစ်ခါတည်းလိုက်ခဲ့...ဝယ်စရာရှိ​သေးတယ်မလား..."

"အင်း...သားတို့​မေ​မေသွားမယ်...လိုက်ချင်လည်းပြန်လိုက်သွားကြ​​နော်...မူမ​နေကြနဲ့က​လေး​တွေ"

"အာ​မေ​မေကလည်းဗျာ"

"ကဲကဲ..အမရဲ့​ချွေးသမက်​လေး​တွေသွားပြီ​ဟေ့"

"ဟုတ်ကဲ့.."

​ဒေါ်လင်းရူပါတို့လင်မယားထွက်သွား​တော့ခနှင့်ငယ်မှာထိုလူကြီးနှစ်​ယောက်ကိုမသိချင်​ယောင်​ဆောင်ကာ​နောက်​ဖေးသို့မနက်စာစားရန်ဝင်သွား​လေသည်...

လုံးတုံးလုံးတုံးနှင့်သူ့အားမသိချင်​ယောင်​ဆောင်သွား​သောငယ့်ကိုမင်းခန့်တစ်​ယောက်ခပ်ဆက်ဆက်​လေးရိုက်ပစ်လိုက်ချင်သည်....မ​နေ့က​တော့ကား​မောင်းတာ​တောင်လူ​ပေါ်တက်အိပ်​နေပြီး​တော့...ဟွန်း...​တွေ့မယ်က​လေးပုစိ...

Destiny with Oo(Completed)Where stories live. Discover now