//Part9//

9.1K 1K 47
                                    

"ကိုကို..​ကျောင်းသွားမှာလား.."

"သွားမှာ​ပေါ့ငယ်ရဲ့..."

"အာ့ဆိုထ..ငယ်တို့ဒီ​နေ့ဘာ​လေးဝတ်ကြမလဲ..."

"အင်း....ငယ်ကယုန်ဖြူအကျီ​လေးနဲ့ဂျင်းနက်က​လေးဝတ်ကိုကိုကယုန်ပန်း​ရောင်​လေးနဲ့ဂျင်းနက်ဝတ်ရမလား..."

"အင်း..အင်း..အင်း.."

"ဟုတ်ပါပြီ...ထ..​ရေသွားချ်ုးကြမယ်..."

"ဟုတ်"ငယ်တစ်​ယောက်ခကိုကြည့်ကာသက်ပြင်းချလိုက်မိသည်...ဟူး..​တော်ပါ​သေးရဲ့ကိုကိုဝမ်းနည်းမ​နေ​တော့လို့....

ထို့​နောက်နှစ်ဦးသားကိုယ့်​ရေချိုးထဲကိုယ်ဝင်ကြကာ​ကျောင်းသွားရန်ပြင်ဆင်ကြ​လေ​တော့သည်.........

ခနဲ့ငယ်​ကျောင်း​ရောက်​တော့ခါတိုင်း​ရောက်​နေကျဖြစ်တဲ့မင်းခန့်​မောင်က​ရောက်မ​နေ...ငယ့်မျက်နှာ​လေးညိုးလာရသည်..ဟုတ်တယ်​လေအမြဲတဝဲလည်လည်နဲ့လူကို​မျှော်တက်​အောင်သင်​ပေးပြီးမှခုမလာ​တော့စိတ်မ​ကောင်းဖြစ်တာ​​ပေါ့လို့....အ​ဆောင်ထဲဝင်ပြီးထုံးစံအတိုင်း၂ချိန်တက်ပြီးကန်တင်းထိုင်ဖို့ဆင်းလာ​​တော့​​ရောက်​နေကျရှင်းညီယံကလည်းမ​ရောက်လာပြန်...ငယ်နဲ့ခမှာတစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်ကာမချိပြုံး​လေး​တွေနဲ့.....တစ်စတစ်စနဲ့ရင်ထဲကိုတဖြည်းဖြည်းတိုးဝင်လာခဲ့ကြပြီးမှတုံးတိကြီးဖြတ်တောက်သွားတာက​တော့သိပ်မ​ကောင်းဘူးမလား...ဒီလူကြီးနှစ်​ယောက်မလွန်ဘူးလား​​လေ.......

ထို​နေ့တည်းက​ရောက်မလာတာ၃ရက်တ်တိရှိလို့​နေပြီ...​ကျောင်းကိုလည်း​ပေါ်မလာကြသလိုအိမ်ကိုလည်း​ရောက်မလာကြ...​ဖေ​ဖေနဲ့​တော့စီးပွား​ရေးကိစ္စ​တွေ​ပြောရင်း​တွေ့ကြသည်ဆိုပဲ......

"ငယ်​လေး"

"ဗျာကိုကို"

"ဟို..ဟို​လေ.."

"ဟိုလူကြီးနှစ်​ယောက်မလား"

"အင်း"

"တကယ်စိတ်တိုဖို့​ကောင်းတယ်.....ဝင်လာ​တော့လည်းသူတို့ပဲထွက်သွား​တော့လည်းသူတို့ပဲ....လူ​တွေကိုကစားစရာမှတ်​နေလားမသိဘူး"

Destiny with Oo(Completed)Where stories live. Discover now