//Part23//

8.8K 859 76
                                    

"ငယ်..ငယ်...ရုံးသွားရမယ်​လေ"

မ​နေ့ကကိစ္စ​တွေကိုမသိချင်​ယောင်​ဆောင်ရန်သာဆုံးဖြတ်ပြီးက​လေး​လေးကိုအသာအယာလှုပ်နှိုး​တော့​ခေါင်း​လေးအနဲငယ်​စောင်းလာ​လေသည်။

မြင်လိုက်ရတဲ့မျက်နှာ​လေးကရဲလို့မျက်လုံး​​လေးတွေ​ဆိုတာ​ဖောင်းမို့​နေလိုက်တာများ....ဘယ်​လောက်​တောင်ငိုထားခဲ့လဲငယ်ရယ်.....

"ငယ်ထ​တော့​လေက​လေးရဲ့"

"ငယ်အိပ်ချင်​​သေးလို့ဒီ​နေ့ခွင့်"

အသံ​လေးကအားနည်း​နေတာ​ကြောင့်သူဆက်မနှိုးရက်​တော့ပြန်ပုပ်သိပ်ကာထားခဲ့ပြီး​ရေမိုးချိုးရန်ထွက်လာခဲ့​လေသည်။​ရေချိုးခန်းထဲကထွက်လာပြီးရုံးသွားရန်အဝတ်အစားလဲပြီးသည့်တိုင်မနိုး​သောငယ့်​ကြောင့်အိမ်အကူအ​ဒေါ်ကြီးကိုလှမ်း​ခေါ်ရသည်။အ​ဒေါ်ကြီး​ရောက်လာမှမှာစရာရှိတာ​တွေမှာကာရုံးသို့ထွက်လာရ​တော့သည်။

အိမ်​ပေါ်ထက်မှကားသံကိုနားစွင့်​နေ​သော​ကောင်​လေးမှာ​တော့ကားသံ​လေး​ဝေးသွားသည်နှင့်ထထိုင်လိုက်သည်။မျက်လုံး​လေး​တွေကိုပွတ်သပ်ရင်းထပ်ငိုလိုက်ပြန်သည်။
ဦးကက​လေးမလိုချင်တာသူ့ကိုမချစ်လို့လားဆိုတဲ့စိတ်​လေးကကြီးစိုးလို့.....

အခန်းထဲကပင်မထွက်​တော့ပဲတစ်​နေ့လုံးဇွဲရှိရှိနဲ့ထိုင်ငို​နေပါ​​သောက​လေးငယ်....

ရုံး​ရောက်​နေပြီး​သောခမှာလည်းတစ်​နေ့လုံး​နေမထိထိုင်မသာ...​နောက်ဆုံးမင်းခန့်ဆီကမ​​နေ့ကကိစ္စ​တွေကိုရှင်းညီပြန်​ပြောလို့သိပြီးကတည်းကသူ့​ကြောင့်ဟုဆိုကာငိုပြန်​သောခ.........

"တိတ်ပါ​တော့​ဘေဘီရယ်..."

"အယ့်တာ..ခ လျှာရှည်လို့ဖြစ်ရတာ...အိမ်ပြန်မယ်...ငယ့်ဆီပြန်ပို့​ပေးပါ​နော်ဦးရှင်း​နော်...ငယ့်ကို​ပြောလိုက်မယ်..အယ့်လိုလုပ်လို့မရဘူးဆိုတဲ့အ​ကြောင်း...ခွဲစိတ်မှုကမဖြစ်နိုင်တဲ့အ​ကြောင်း...လိုက်ပို့​နော်ဦးရှင်း..."

"အင်း..အင်းကိုယ်လိုက်ပို့မယ်...မငိုနဲ့​တော့​နော်..."

"အင့်...မငို​တော့ဘူး...ဟင့်..ခတို့လည်းက​လေး​လေးမယူကြ​တော့ဘူး​နော်"

Destiny with Oo(Completed)Where stories live. Discover now