//Part12//

9.2K 987 66
                                    

"အငယ်​လေး​ရေ....ကိုယ်ပြန်လာပြီ"

မင်းခန့်တစ်​ယောက်အိမ်​ပေါက်ဝ​ရောက်သည်နှင့်အိမ်ထဲထိအရင်မဝင်ဘဲငယ့်ကို​ခေါ်​လေသည်.....

"အငယ်"၂ခါ​မြောက်​ခေါ်ရချိန်တွင်​တော့မျက်ခုံးနှစ်ဖက်ကတွန့်ချိုးလာ​လေသည်....

"ဦး...."ထိုအချိန်​နောက်​ဖေးမှapron​လေးဝတ်ကာသူရှိရာသို့လက်​လေးဆန့်ပြီး​ပြေးလာ​သောငယ့်​ကြောင့်လက်ထဲမှlaptopအိတ်ကို​ဘေးကိုချလိုက်ကာသူ့ထံ​ပြေးလာ​သော​ကောင်​လေးကိုဆီး​ပွေ့ရန်အသင့်ပြင်ထားလိုက်သည်......

"ဦး..."

"အင့်...​သေပါပြီအငယ်ရယ်"

ဘယ်​လောက်ပဲအဆင်သင့်​တောင့်ခံရန်ပြင်ထား​သော်လည်းဒီဝက်​ပေါက်၏ခန္ဓာကိုယ်သည်​တော်ရုံအ​လေးချိန်​တော့မဟုတ်.......

"ရွှတ်...​မောလာပြီလားဦး..."

"အင်းအ​မောတစ်ဝက်​ပြေသွားပြီ"

"ခစ်ခစ်...​နောက်​ဖေးကိုသွား​ရေတိုက်မယ်"

ငယ့်စကားအတိုင်းငယ့်ကိုခွချီရက်ပင်​နောက်​ဖေးသို့ဝင်သွားကြ​လေ​သည်....

"​ရော့​ရေ​လေး​သောက်"​ရေခွက်​လေးကိုင်ကာသူကိုယ်တိုင်​သေချာတိုက်​နေပါ​သောငယ်......

"ဗိုက်ဆာပြီလားဦး"

"အင်း..."

"ဟိုဘက်အိမ်မှာသွားစားမယ်​နော်"

"ဟားဟားဟုတ်ပါပြီဗျာ...."

"အဝတ်စားထုတ်​ပေးထားတယ်သွားလဲ​​နော်..."

"အင်း..."မင်းခန့်ငယ့်ကိုချီထားရာမှချကာအ​ပေါ်သို့တက်သွား​လေသည်....မျက်နှာမှာလည်းအပြုံး​တွေဆင်မြန်းလျက်...အလုပ်မှာထဲကငြီးစီစီခံစားချက်ကြီးကခုမှ​ပျောက်သွားသလို...တစ်​နေကုန်ယား​နေတဲ့ပါးကခုမှအယား​ပြေသွားသလို......

​ရေချိုးပြီးအဝတ်စားလဲကာသူတို့နှစ်​ယောက်ဟိုဘက်အိမ်သွား​တော့​အိမ်​နောက်​ဖေးမှကြားရ​သောတစ်တီတူးသံများသည်အမြင်ကပ်စရာ​ကောင်း​လောက်​အောင်​စောင့်ကြို​နေ​လေရဲ့.....သူတို့ကို​ကျော​ပေးကာနှစ်​ယောက်တစ်ကမ္ဘာတည်​နေ​သောရှင်းညီနဲ့ခ​ကြောင့်သူတို့နှစ်ဦးလည်းခပ်ရွဲ့ရွဲ့ပင်ပြုံးစိစိနဲ့ရပ်ကြည့်​နေကြ​လေရဲ့.........

Destiny with Oo(Completed)Where stories live. Discover now