//Part3//

13.3K 1.2K 55
                                    

"ဟယ်လို..ရှင်းညီ..."

"........."

"ဒီ​နေ့​ကျောင်းကိုလိုက်ကြမယ်..."

".........."

"​အေး...သူတို့​အိမ်ကစထွက်ထဲက​နောက်ကလိုက်မယ်...OK...သူတို့အိမ်​ရှေ့မှာဆုံမယ်​နော်..."

".........."

"OK...."

မင်းခန့်ဖုန်းချပြီးသည်နှင့်ပြင်ဆင်စရာရှိတာ​တွေပြင်ဆင်​နေလိုက်သည်...ပါး​ပေါ်ကကိုက်ရာအကွင်းသားကိုမြင်တိုင်းဟိုအငယ်​ကောင်​လေးကိုကိုင်​ဆောင့်ပစ်ချင်စိတ်​တွေကတဖွားဖွား.....​နေနှင့်ဦး​ပေါ့...ခု​တော့မင်းကိုအနိုင်​ပေးထားလိုက်မယ်....ဟုကျုံးဝါးရင်း

အကုန်လုံးစိတ်တိုင်းကျပြင်ဆင်ပြီးမှမိမိအနှစ်သက်ဆုံးကား​လေးကိုစီးကာ​ယောကျာ်းပိုးရန်ထွက်ခဲ့​လေသည် ....

"မင်းဒီ​​နေ့​ပြေးမလွတ်​စေရဘူးအငယ်​​လေး...."

ထိုအမြွှာအိမ်​ရှေ့​ရောက်​တော့မလှမ်းမကမ်းတွင်​ရောက်နှင့်​နေ​သောရှင်းညီရဲ့ကားကို​တွေ့တာ​ကြောင့်ကားနှစ်စီးမှာမလှမ်းမကမ်းတွင်သာရပ်ထားရင်းမီးအချက်ပြလိုက်သည်....လူချမ်းသာရပ်ကွက်ဖြစ်တာ​ကြောင့်ကား​တွေမှာလမ်း​ပေါ်တွင်ပြည့်ကျပ်မ​နေဘဲကိုယ့်အိမ်ကိုယ့်ဂို​ဒေါင်တွင်သာထားကြတာ​ကြောင့်သူတို့ကားရပ်ရန်အဆင်​ပြေသည်.....အချိန်အားဖြင့်၈နာရီပင်မထိုး​​သေး​ပေ.....

ထိုလူသားနှစ်​ယောက်မှာအိမ်​ရှေ့တွင်ဇွဲကြီးစွာ​စောင့်​နေကြ​သော်လည်းအထဲမှက​လေးနှစ်​ယောက်မှာမူ........

"ကိုကို!!ငယ်ငယ်!!တံခါးဖွင့်ကြစမ်း..."

"သားကြီး.. သားငယ်....မထ​သေးဘူးလား..."

မိခင်နှင့်ဖခင်မှာအပြင်မှအသံကုန်​အော်၍နှိုး​​နေပါ​သော်လည်းမျက်လုံးစွပ်က​လေး​တွေအုပ်လျက်​စောင်ထုပ်ထဲမှ​ကောင်​လေးနှစ်​ယောက်မှာ​တော့ခုထိအိပ်​မောကျ​နေဆဲပင်....​လေလာရာဖင်​အေးခပ်​အေး​အေးပင်လုပ်​နေကြဆဲပင် ........

"ကျွီ...အမယ်​လေး..ငါ့နှယ့်...​ပြော​တော့ဒုတိယအချိန်Praticalရှိသ​လေးဘာ​လေးနဲ့ခု​တော့အိပ်​နေတာများပြားလို့....ဟဲ့က​လေး​တွေ...."

Destiny with Oo(Completed)Où les histoires vivent. Découvrez maintenant