//Part10//

9.9K 1K 69
                                    

အိမ်ထဲကိုပြုံးစိစိနှင့်ဝင်လာ​ကြ​သောသားနှစ်​ယောက်​ကြောင့်ဦးလင်းနှင့်​ဒေါ်လင်းပြုံးလိုက်မိကြသည် .........

လွန်ခဲ့တဲ့၃ရက်ကမင်းခန့်​မောင်နှင့်ရှင်းညီယံသား​တွေအ​ပေါ်​မေတ္တာရှိတာကိုဖွင့်​ပြောကြတုန်းက​ဒေါသထွက်သလိုလက်လည်းမခံနိုင်ခဲ့ကြ...ဦးလင်းဆိုပစ်မလဲသွားရုံတမယ်​သွေးတက်ခဲ့ရသည်.....
သို့​သော်​အ​လျှောက်​ကောင်း​သောသမက်​လောင်းနှစ်​ယောက်ကဒူးမ​ထောက်ရုံတမယ်​တောင်းဆိုကြသည်​ကြောင့်အ​ထောင်းသက်သာသွားကြသည်.....သူတို့​ပြောတာပြန်စဥ်းစားကြည့်​တော့လည်းဟုတ်သားရယ်...မိန်းမသာယူရင်​ခြေ​မွှေးမီးမ​လောင်လက်​​​မွှေးမီးမ​လောင်ဥထားရ​သောသား​လေးနှစ်​ယောက်မှာကျွန်လိုရုန်းပြီးရှာ​ကျွေးကြရမှာတဲ့....ခုလိုကျ​တော့သူတို့လုပ်စာကိုသား​လေး​တွေကထိုင်စားရုံပဲ..ဘယ်​လောက်အဆင်သင့်လိုက်လဲတဲ့..ဒါလည်းမှန်တာပဲ​လေ....

"အဟမ်း"

​ချောင်းဟန့်သံကြား​တော့​ကောင်​လေးနှစ်​ယောက်မှာတန့်ကနဲ့ရပ်သွားကြသည်...

"အသွားတုန်းကဒီရုပ်​လေးတွေမဟုတ်ပါဘူး​နော်..."

"​မာမီကလည်း..."

"အမယ်​လေးဘာမာမီလဲ...ဟွန်း...အဆင်​ပြေလာကြတယ်မလား"

"ဟီးဟီး..."

"​ပြောစမ်း​​မေ့သား​တွေဘယ်တုန်းကအ​တောင်စုံသွားတာလဲ...ပြစမ်းပြစမ်း...."

​ဒေါ်လင်းတစ်​ယောက်သူမ၏သားနှစ်​ယောက်​​ကျောပြင်​လေးကိုဖွဖွစမ်းရင်းစ​နေ​လေရဲ့......အ​ဖေဖြစ်သူက​သောနှ​မြောတသဖြစ်စွာသာကြည့်​နေခဲ့​လေသည်....

"ကဲနား​ကြ​တော့..."

"ဟုတ်..goodnight ​ဖေ​ဖေနဲ့​မေ​​မေ"

"Good nightပါဗျာ"
"Good nightပါရှင်"

မိခင်နှင့်ဖခင်ကိုပါးပြင်သို့အနမ်း​ပေးပြီး​ပြေးတက်သွားကြ​သော​ကောင်​လေးနှစ်​ယောက်......

"သား​တွေ​တောင်ဒီအရွယ်​ရောက်ပြီနော်လင်း"

"အင်း...ရင်ထဲလည်းဟာသွားသလိုပဲကိုရယ်..."

Destiny with Oo(Completed)Where stories live. Discover now