Ep 1

9K 426 26
                                    

နှင်းတွေထူထပ်စွာကျနေတဲ့အချိန် ထိုနှင်းတွေကိုအံတုကာ ကောင်လေးတစ်ယောက်ကတော့အနွေးထည်ထူထူဝတ်ထားလျှက် မာဖလာလေးပတ်ကာအဆောက်အဦးအတွင်းကနေထွက်လာခဲ့သည်။
ကားမှတ်တိုင်ထိလမ်းလျှောက်နေရင်း တဖက်ကစာရွက်ကိုကိုင်ထားပြီး တဖက်ကလည်း တစ်စုံတစ်ယောက်ကိုPhခေါ်နေလေသည်။

(sorry လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ လတ်တလောတွင်မဖြေကြားသေးနိုင်ပါ နောက်တကြိမ်ပြန်လည်ခေါ်ဆိုပါရန်)

(အခုထိPhမကိုင်သေးဘူးပဲ)

ထိုကောင်လေးကစိတ်ညစ်စွာညည်းညူပြီးလက်ထဲကစွာရွက်ကိုလုံးချေပြစ်လိုက်ပြီးBus ကားပေါ်တက်လိုက်သည်။ တစ်နေရာမှာဝင်ထိုင်ပြီးတော့ ခနကမကိုင်တဲ့Phကိုနောက်တစ်ခါ ထပ်ခေါ်ပြန်သည်။

တူ...

"ပြောဘာလဲ..."

"Jungkook ဒီနေ့နှင်းကျတယ် ဆောင်းရာသီရောက်လာပြန်ပြီ"

"ဘာကိစ္စရှိလို့လဲTaehyung ငါအချိန်ပိုအလုပ်ဆင်းနေလို့မအားဘူး"
Jungkookသူ့ဘေးနားကအပေါ်ပိုင်းဗလာနဲ့ကောင်လေးကိုတချက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။

"ညနေစာစားဖို့ပြန်မလာတာ တော်တော်ကြာနေပြီလေ"

"မင်းတစ်ခုခုဖြစ်နေလို့လား"

"ညနေစာစားဖို့ပြန်လာပါလားဟင်၊ နှင်းကျတဲ့နေ့တွေဆိုငါတို့ပေါက်စီလုပ်စားကြတယ်လေ၊ ငါမင်းအတွက်လုပ်ထားပေးမယ်"

"ငါတကယ်ပြန်လာလို့မရပါဘူးဆိုနေမှ၊ မင်းလည်းပေါက်စီလုပ်မနေနဲ့တော့ငါ့လက်ထောက်ကို မင်းအတွက်မှာခိုင်းလိုက်မယ်၊ ငါအခုအလုပ်များနေလို့Phချလိုက်ပြီ"

'တူ...တူ...တူ...'
တစ်ဖက်ကPhချသံကြားတာနှင့်Taehyungဝမ်းနည်းစွာငိုချမိတော့သည်။

---------

"အကိုလေးTaehyung ကျတော်ခများအတွက်ပေါက်စီယူလာတာပါ"

"နောက်ဆိုရုံးမှာကိုယ့်အလုပ်ကိုယ်ပဲအာရုံစိုက်ပါ၊ Jungkookကဒီလိုမျိုးလာပို့ခိုင်းရင်လုပ်မပေးနဲ့တော့"

"သူ့လက်ထောက်အနေနဲ့ဒါကကျတော်လုပ်ရမယ့်အလုပ်ပါ ၊ကျတော်ရတဲ့လုပ်အားခနဲ့တန်အောင် ကျတော်အလုပ်လုပ်ရမှာပဲလေ၊ အကိုလေးTaehyung တခြားဘာလိုအပ်သေးလဲ"

နောက်ဆုံးထွက်သက်ထိ💔(Complete)Where stories live. Discover now