Ep 4

2.6K 279 11
                                    

ရထားဘူတာမှာအတူရပ်နေကြတဲ့ကောင်လေးနှစ်ယောက်။ ရထားကသူတို့ရှေ့ကနေဖြတ်သွားတော့ ကောင်လေးတစ်ယောက်က ရထားနောက်ကိုရုတ်တရက်ပြေးလိုက်သွားသည်။ ရထားရပ်သွားတော့ထိုကောင်လေးက ရပ်ထားပေါ်တက်ပြီး ကျန်ခဲ့တဲ့ကောင်လေးကိုပြုံးကာ လက်ပြနှုတ်ဆက်နေသည်။

Jungkookအိမ်မက်ကနေရုတ်တရက်လန့်နိုးလာခဲ့သည်။ တကိုယ်လုံးချွေးတွေပင်ရွှဲလို့နေပြီး အပြင်မှာတကယ်ဖြစ်နေသလိုမျိုး နှလုံးသားကတစ်ဒုန်းဒုန်းခုန်နေသည်။ အိမ်မက်ထဲကကောင်လေးနှစ်ယောက်က သူတို့အထက်တန်းအရွယ်တုန်းကပုံစံလေးတွေဖြစ်ပြီး Taehyung ကသူ့(jk)ကိုထားသွားခဲ့တယ်။

Jungkook သူ့ဘေးကိုအလန့်တကြားကြည့်လိုက်ကာ Taehyung ကိုတွေ့မှစိတ်သက်သာရာရသွားလေသည်။ Taehyung ကိုယ်လေးအား အနောက်ကနေ Jungkoook သိုင်းဖက်လိုက်ပြီး...

"Taehyung အိမ်မက်ထဲမှာ မင်းကငါ့ကိုထားသွားတယ်တဲ့ အဲ့တာကလေ တကယ်ကြောက်ဖို့ကောင်းတယ်"

"ငါကဘယ်ကို သွားရမှာလဲ"

Taehyung က Jungkookဘက်ကိုလှည့်လာပြီး အိပ်ချင်မူးတူးအသံလေးနဲ့ပြောကာ ပြန်အိပ်ပျော်သွားသည်။

"ငါမသိဘူး ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကိုတခြား ဘယ်နေရာမှသွားခွင့်မပြုနိုင်ဘူး"

Jungkook ငုံ့ကြည့်လိုက်တော့ အကောင်ပေါက်လေးကအိပ်ပျော်နေလေပြီ။

"မင်းပြန်အိပ်ပျော်သွားပြီလား"

ထို့နောက် Taehyung အားရင်ခွင်ထဲတင်းကျပ်စွာပွေးဖက်ထားရင်း Jungkook လည်းအိပ်လိုက်တော့သည်။

------------
At Morning,

မနက်စာစားနေရင်း Jungkook က Taehyung အရိပ်အကဲကိုကြည့်ကာ...

"မနေ့ညကလေ ငါမင်းကိုနာကျင်အောင် လုပ်ခဲ့မိတယ်မလား"

Jungkookမေးတော့Taehyung ခေါင်းအသာလေးခါပြလိုက်သည်။

"ငါဆေးသောက်ထားပြီးနောက်ပိုင်း တကယ်ကိုအစားစားချင်စိတ်မရှိတော့ဘူး ငါဗိုက်ပြည့်ပြီ"

"မင်းခံတွင်းပျက်တာအတော်ဆိုးတာပဲ မင်းဒီလောက်ထိပိန်နေတာအံ့သြစရာမရှိတော့ပါဘူး မင်းဆက်ပြီးပိန်နေဦးမယ်ဆိုရင် မင်းကိုငါဖက်တဲ့အချိန်တိုင်း ငါတကယ်လန့်ပြေးမိမှာပဲ အဲ့ဒါကြောင့်များများစား"

နောက်ဆုံးထွက်သက်ထိ💔(Complete)Where stories live. Discover now