Ep 2

3.3K 317 15
                                    

At 2AM,

Taehyung တစ်ယောက်အိပ်မပျော်ဘဲ နားထဲမှာအမေ့ရဲ့စကားသံများကို ပြန်ကြားယောင်နေခဲ့သည်။

'အချစ်တစ်ခုကိုပဲမှီခိုအားထားတဲ့ ယောကျာ်းနှစ်ယောက်ရဲ့အချစ်ရေးက အချိန်ဘယ်လောက်ကြာထိအတူရှိနေမှာလဲ..

သူမင်းအပေါ်ဘယ်လောက်ချစ်သလဲအပေါ်လည်းမူတည်တယ် မင်းနေရာမှာပိုကောင်းတဲ့အစားထိုးတစ်ယောက်ရှာတွေ့သွားရင် မင်းအဲ့နေရာကနေထွက်သွားရဖို့ဖြစ်နိုင်ချေရှိတယ်..

အဆုံးသတ်မှာအဲ့လိုနေ့မျိုးရောက်လာခဲ့ရင် သားပြောတဲ့ဆက်ဆံရေးကပြိုလဲသွားလိမ့်မယ်'

ဒါပေမယ့် Taehyung အခုထိထွက်သွားဖို့အဆင်သင့်မဖြစ်သေးဘူး။

Jungkookကိုလှည့်ကြည့်လိုက်တော့အပူအပင်မရှိအိပ်ပျော်နေလေသည်။Jungkookရင်ခွင်ထဲကိုတိုးဝင်လိုက်ပြီး Taehyung တီးတိုးပြောနေမိသည်။

"ငါထွက်သွားဖို့တစ်နှစ်လောက်တောင် အချိန်မကျန်တော့ဘူး အပြင်မှာမင်းဘယ်လိုပဲပွေပွေ ငါအရှေ့မှာမင်းအဲ့လိုမလုပ်သရွေ့ကိစ္စမရှိပါဘူး ငါ့အပေါ်ကိုမရက်စက်ပါနဲ့ ငါမင်းကိုစိတ်မဆိုးရက်နိုင်ဘူး ဒါပေမယ့်ငါ့ကိုဆက်ပြီးအနိုင်ကျင့်နေမယ်ဆိုရင်..... အဲ့အချိန်ကျရင်ငါတစ်ကယ်မင်းဘေးကထာဝရပျောက်ကွယ်သွားရလိမ့်မယ်"
.
.

Taehyung ဆက်အိပ်မပျော်တာနဲ့ဝရန်တာသို့ထွက်လာခဲ့လိုက်ပြီး ဆေးလိပ်သောက်နေမိသည်။

(၁၄ နှစ်တောင်ကုန်သွားခဲ့ပြီ....

အဲ့ဒီနှစ်တွေအတွင်းမှာ အရာအားလုံးကိုစွန့်လွှတ်နိုင်ဖို့ ငါခံနိုင်ရည်အားတွေဘယ်လိုမွေးခဲ့ရလဲ..

တက္ကသိုလ်တက်ဖို့ကိုလက်လျော့လိုက်ခဲ့ရတယ် မင်းနဲ့အတူအရဲစွန့်ပြီးဘဝအသစ်တခုတည်ဆောက်ဖို့ ကြိုးပန်းအားထုတ်ခဲ့ရတယ်..

ဆေးလိပ်တွေသောက်ခဲ့တယ်..

အရက်တွေလည်းသောက်ခဲ့ဖူးတယ်..

လုပ်ငန်းကိစ္စအတွက် အရာအားလုံးကိုငါလုပ်ခဲ့တယ်..

လွယ်တော့မလွယ်ခဲ့ဘူးဆိုပေမယ့် ငါတို့ရအောင်လုပ်နိုင်ခဲ့တယ်..

နောက်ဆုံးထွက်သက်ထိ💔(Complete)Where stories live. Discover now