Ep 13

2.4K 258 16
                                    

"Mr. Jeon ဒါက ခင်များရဲ့စစ်ဆေးမှုရလဒ်ပါ"

Jungkook အခုရက်ပိုင်း သူ့ရင်ဘက်အောင့်အောင့်နေတတ်တာကြောင့် Namjoonရဲ့တိုက်တွန်းမှုနဲ့ ဆေးစစ်ရန်လာခဲ့ခြင်းပင်။

"ခင်များရဲ့နှလုံးက သိပ်အခြေနေမကောင်းဘူး ကျတော့်အထင် အားလုံးတိတိကျကျသိရအောင် ရက်အနည်းငယ်လောက်တော့ ဆေးရုံမှာနေသင့်တယ်"

မျက်စိရှေ့က ဆေးစစ်ချက်စာရွက်ကို ငူငိုင်ကာကြည့်နေတဲ့ Jungkook... အရင်တုန်းက Taehyungလည်း သူ့လိုပဲနေမှာ.. သူ့(th)ရောဂါကိုသိရဖို့ ဒီလိုခုံမှာ တစ်ယောက်တည်း ထိုင်နေရရှာမှာ.. အခုတော့ ဒီနေရာမှာ သူ ဖြစ်နေပြီ။

အတွေးလွန်နေတဲ့Jungkook က Phသံကြားမှ သတိဝင်လာသည်။

"Sorryပါ D.r.. ကျတော် ဒီPhကို ကိုင်မှဖြစ်မှာမို့လို့ပါ"

"ရပါတယ် သွားပါ"

ဆရာဝန်ကို ခွင့်တောင်းပြီး အခန်းပြင်ထွက်ကာ Jungkook ဖုန်းပြန်ဖြေလိုက်သည်။

"Hello ပြောပါ"

'Mr. Jeonလား..ကျတော်တို့က ကွန်ဒိုအိမ်ယာစီမံမှုဌာနကပါ..'

"ဟုတ် ဘာကိစ္စရှိလို့လဲ"

'ပြောရမယ်ဆိုရင်တော့ ဒီလမကုန်ခင် အစောပိုင်းတုန်းကခင်များCCTVစစ်ကြည့်ဖို့ လာခဲ့တယ်လေ.. အဲ့Videoအဆုံးမှာ ခင်များမစစ်ဆေးကြည့်မိလိုက်တဲ့အပိုင်းသေးသေးလေးရှိနေတာကို ကျတော်တို့ တွေ့လိုက်တယ်...ဒါ့ကြောင့် ကျတော်တို့ပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာ ထူးခြားနေတဲ့ နေရာကို ရှာတွေ့ခဲ့တယ်...အဲ့ဒါကြောင့်အရာအားလုံး အဆင်ပြေလားဆိုတာ အတည်ပြုဖို့ ပြန်စစ်ဆေးချင်သေးလား.."

"ဟုတ်.. ကျတော် လာခဲ့ပါမယ်"

Taehyungနဲ့ပတ်သတ်တဲ့ သဲလွန်စလေး ရလိုရညား CCTV ခန်းကို Jungkook နောက်တစ်ခေါက် ပြန်ရောက်လာခဲ့သည်။

"ဒီနေရာကို အကျယ်ချဲ့ပေးလို့ ရမလား"

ဓာတ်လှေကားထဲက အနက်ရောင်ဝတ်စုံနဲ့လူတွေကြားထင်းထွက်နေတဲ့လူတစ်ယောက်.. ငယ်ငယ်ချောချောနဲ့ပိုက်ဆံချမ်းသာမည့်ပုံပင်။ သေချာမြင်ရအောင် မြင်ကွင်းကို ထပ်ချဲ့ခိုင်းလိုက်သည်။

နောက်ဆုံးထွက်သက်ထိ💔(Complete)Where stories live. Discover now