Ep7

2.4K 264 10
                                    

'Taehyung မင်းလူတယောက်ကိုကြိုက်တဲ့ခံစားချက်ကိုသိလား'

'အွန်းသိတာပေါ့'

Taehyung နဲ့Jungkookစကားပြောနေတုန်းနောက်ကနေပေါ်လာတဲ့မိန်းမကြီးတစ်ယောက်...

'မင်းတို့နှစ်ယောက်အတူနေဖို့ အနည်းဆုံးအသက်၃၀တောင်ကျော်နိုင်မှာမဟုတ်ဘူး...'

ဟိုးအရင်ကအမေပြောပြောဖူးတဲ့​စကားတစ်ခွန်း..ထိုစကားတခွန်းကိုသူလစ်လျူရှုပြီး Jungkookကိုပဲရွေးချယ်ခဲ့သည်။
.
.

"Taehyung ထတော့"

သူ့(th)မျက်လုံးတွေဖွင့်လိုက်တော့ သူ့ကိုစိုးရိမ်တကြီးကြည့်နေတဲ့ Jungkookရဲ့မျက်နှာပေါ်လာသည်။

"ထိုင်ဦး မင်းဖျားနေပြီ ပြန်မအိပ်ခင်ဆေးအရင်သောက်ဦး"

Taehyungလှဲနေရာမှထလိုက်ပြီး Jungkookလှမ်းပေးတဲ့ဆေးနဲ့ရေကို တခါတည်းမော့ချကာ သောက်လိုက်သည်။

"ဘာလို့ဖျားရတာလဲ မနေ့ကငါအရမ်းများကြမ်းမိသွားလိုက်လား"

"...."

Taehyungက စကားပြန်မပြောဘဲ စောင်ခေါင်းမူးခြုံပြီး ပြန်လှဲအိပ်လိုက်သည်။

"ဒီနေ့ကိုယ်အားတယ် နေ့လည်စာစားပြီးတာနဲ့မင်းကိုဆေးရုံမှာဆေးစစ်ဖို့အဖော်လိုက်ခဲ့ပေးမယ် မင်းအရမ်းပိန်ကျသွားတာပဲ"

"မသွားချင်ဘူး"

"အဲ့လိုမလုပ်ရဘူးလေ ကိုယ်ပြောစကားနားထောင်ရမှာပေါ့"

Jungkookက ချော့မော့ကာပြောတော့ Taehyung စောင်ခြုံထားရမှ မျက်နှာလေးဖော်လာပြီး..

"ငါနာနေတယ်..."

Taehyungကငိုမဲ့မဲ့လေးပြောလာတာကြောင့် Jungkookတစ်ယောက်အထိပ်ထိပ်အပြာပြာဖြစ်သွားသည်။

"ဘယ်နေရာကနာတာလဲ ကိုယ့်ကိုပြောလေ Taehyungကိုယ့်ကိုမခြောက်ပါနဲ့ကွာ"

"ငါ့ခန္ဓာကိုယ်ကအားနည်းနေသလိုပဲ ပြီးတော့ငါ့ခါးနဲ့ခြေထောက်ကလည်း အရမ်းနာတယ်"

"အဲ့ဒါဆို ခနနေဆန်ပြုတ်လေးသောက်ပြီး ဒီနေ့ကောင်းကောင်းအနားယူလိုက်လေ ဆရာဝန်နဲ့ပြဖို့ကနောက်တစ်ရက်မှသွားကြတာပေါ့ ဟုတ်ပြီလား"

နောက်ဆုံးထွက်သက်ထိ💔(Complete)Where stories live. Discover now