Ep 3

2.7K 311 20
                                    

Jungkook အပေါ်ကို ဓာတ်လှေကားနှင့်တက်လာခဲ့သည်။ တိုက်ခန်းရှေ့ကိုရောက်သည်နှင့်တံခါးကိုအသံမြည်စွာခပ်ကြမ်းကြမ်းဖွင့်လိုက်သည်။

'ဒုန်း'

"Kim Tae Hyung"

Jungkook ကဒေါသတကြီးနှင့်ဝင်လာပြီး လေသံမာမာနှင့်နာမည်ခေါ်လိုက်တော့ Taehyung သူဝတ်ထားတဲ့အနွေးထည်ကိုချွတ်ရင်း လှည့်ကြည့်လာသည်။

"မင်းကိုပြန်ပို့ပေးတာ ဘယ်ကကောင်လဲ"

"ဒီလိုအေးနေတဲ့ရာသီဥတုမှာ မင်းဒေါသတွေကိုလျော့ထားလို့မရဘူးလား သူငယ်ချင်းပါသူက"

"ပန်းတွေပေးတဲ့တစ်ယောက်လား အဲ့သူငယ်ချင်းကိုဘယ်ကရှာတွေ့တာလဲ ငါ့ကိုသူနဲ့မိတ်ဆက်ပေးစမ်းပါ"

Jungkook ကခနဲ့တဲ့လေသံပြောနေပြီး သံသယမျက်လုံးတွေနှင့်..

"သူကဆရာဝန်တစ်ယောက်ပါ ငါအဲ့ဒီကိုဆေးယူဖို့သွားရင်း လမ်းကြုံလို့လိုက်ပို့ရုံပဲ"

Taehyungအနွေးထည်ကိုခေါက်ရင်းအေးဆေးစွာပဲပြန်ဖြေလိုက်သည်။Jungkook ရဲ့သံသယတွေကတော့လျော့မသွားခဲ့။

"ဆရာဝန်? ဘယ်လိုဆရာဝန်မျိုးက ရာထောင်ချီတန်တဲ့ပန်းပင်ကိုပေးပြီး ဒီလိုမျိုးမီလီယံချီတန်တဲ့ကားနဲ့ လိုက်မောင်းပို့ရတာလဲ..

ထားပါတော့အဲ့အစားမင်းကိုမေးပါရစေ သွားယူတဲ့ဆေးကဘယ်မှာလဲ"

Taehyungသူ့ကိုစိတ်ပူရမယ့်အစား သံသယတွေနဲ့စစ်လားဆေးလားတွေလုပ်နေတဲ့Jungkookစကားကြောင့် စိတ်ထဲမှာဝမ်းတော့နည်းမိသည်။ သူမျှော်လင့်မိတာက Jungkook သူ့(th)အပေါ်ဂရုစိုက်ပေးမယ့် စကားတွေပါ။

(မင်းနေမကောင်းဖြစ်နေတာလားလို့ မေးတာမဟုတ်ဘူး

မင်းနေမကောင်းဖြစ်နေတာဘယ်လောက်ကြာပြီလဲလို့မေးတာမဟုတ်ဘူး

အဲ့လိုမေးရမယ့်အစားသူမေးတာက 'ဆေးတွေဘယ်မှာလဲတဲ့' )

"အဲ့ဆရာဝန်ရဲ့ကားထဲမှာမေ့ကျန်ခဲ့တယ် စိတ်မပူပါနဲ့ Dr. Kimကအရာအားလုံးပြည့်စုံတဲ့သူပဲ သူကငယ်ရွယ်ပြီးချမ်းသာတယ် ဆွဲဆောင်မှုရှိပြီးကြင်နာတတ်တယ် သူကငါ့လိုလူမျိုးကို စိတ်ကူးထဲတောင်ထည့်မှာမဟုတ်ဘူး"

နောက်ဆုံးထွက်သက်ထိ💔(Complete)Where stories live. Discover now